လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အမေရိကရောက် မြန်မာတွေဆန္ဒပြ

အရပ်သားပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီကို အရေးယူပေးဖို့နဲ့ လေယာဉ်မပျံသန်းရဇုန်တွေ သတ်မှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေ မြို့တော်ဝါရှင်တန်ဒီစီမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းပေါက်ဖြစ်တဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။

ဒီ MOGE က ရတဲ့ဝင်ငွေတွေကြောင့် စစ်ကောင်စီဟာ လေကြောင်းသုံး တိုက်ခိုက်နိုင်နေတာလို့ ဆိုပါတယ်။

2023025 Myanmar protest DC-101.JPG
Protest against Myanmar miliraty governmet in Washington Protest organiser Nay Tin Myint delivers a speach outside the U.S. Department of State as Myanmar diaspora in the U.S prepare for a street march and demonstration against the Myanmar military government, and its actions aginst civilians in Washington, D.C., Saturday, Feb. 25, 2023. (RFA Photo/Gemunu Amarasinghe) (Gemunu Amarasinghe/Gemunu Amarasinghe/RFA)

ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ကိုဒေါင်ခုပ်က စစ်တပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေချိုးဖောက်နေတာလို့ RFA ကိုပြောပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အထောက်အပံ့တွေ ထပ်တိုးပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

2023025 Myanmar protest DC-103.JPG
Protest against Myanmar miliraty governmet in Washington Protest organiser Nay Tin Myint delivers a speach outside the U.S. Department of State as Myanmar diaspora in the U.S prepare for a street march and demonstration against the Myanmar military government, and its actions aginst civilians in Washington, D.C., Saturday, Feb. 25, 2023. (RFA Photo/Gemunu Amarasinghe) (Gemunu Amarasinghe/Gemunu Amarasinghe/RFA)

မြန်မာပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားဆောင်ရွက်နေသူတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အမေရိကန် အစိုးရအကြား အခုထက်ပိုပြီး ဆက်ဆံရေးတိုးမြှင့်သွားမယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း (Wendy Sherman) ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက NUG ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံချိန်မှာ ပြောထားပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တခြားပြည်နယ်က မြန်မာတိုင်းရင်းသားတွေလည်း ပူးပေါင်းခဲ့ပြီး အင်အား ၃ဝဝ လောက်ရှိပါတယ်။

2023025 Myanmar protest DC-109.JPG
Protest against Myanmar miliraty governmet in Washington Protest organiser Nay Tin Myint delivers a speach outside the U.S. Department of State as Myanmar diaspora in the U.S prepare for a street march and demonstration against the Myanmar military government, and its actions aginst civilians in Washington, D.C., Saturday, Feb. 25, 2023. (RFA Photo/Gemunu Amarasinghe) (Gemunu Amarasinghe/Gemunu Amarasinghe/RFA)

အခုဆိုရင် မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းထားတာ ၂ နှစ်ပြည့်သွားပါပြီ။

၂ နှစ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီဟာ လူပေါင်း ၃ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူနှစ်သောင်းလောက် ဖမ်းဆီးခံခဲ့ရပါတယ်။

2023025 Myanmar protest DC-107.JPG
Protest against Myanmar miliraty governmet in Washington Protest organiser Nay Tin Myint delivers a speach outside the U.S. Department of State as Myanmar diaspora in the U.S prepare for a street march and demonstration against the Myanmar military government, and its actions aginst civilians in Washington, D.C., Saturday, Feb. 25, 2023. (RFA Photo/Gemunu Amarasinghe) (Gemunu Amarasinghe/Gemunu Amarasinghe/RFA)

ပြည်တွင်းမှာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေကြသလို ပြည်ပရောက် မြန်မာတွေဟာလည်း ရောက်တဲ့နိုင်ငံတွေမှာ ဒီစစ်အာဏာရှင်ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတွေလုပ်ဖို့ ဖိအားပေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။