ဒဂုံစီးတီး စီမံကိန်းကြောင့် နိုင်ငံ့ပုံရိပ် ကို ထိခိုက်စေနိုင်ကြောင်း ပညာ ရှင်တွေပြောကြား

2015-05-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရွှေတိဂုံစေတီတော်ကို ကယ်တင်ပါ "Save The Shwedagon" ဆွေးနွေးပွဲကို မေလ ၁၇ ရက်နေ့က ရန်ကုန် မြို့ မြန်မာနိုင်ငံဗိသုကာ အသင်းရုံးချုပ်မှာ ဆွေးနွေးနေစဉ်
ရွှေတိဂုံစေတီတော်ကို ကယ်တင်ပါ "Save The Shwedagon" ဆွေးနွေးပွဲကို မေလ ၁၇ ရက်နေ့က ရန်ကုန် မြို့ မြန်မာနိုင်ငံဗိသုကာ အသင်းရုံးချုပ်မှာ ဆွေးနွေးနေစဉ်
Photo: Thiha Tun, Wai Mar Tun/ RFA

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တ၀ိုက်မှာ အထပ်မြင့် အဆောက်အဦးတွေ ဆောက်လုပ်မယ့် ဒဂုံစီတီး Dagon City စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင် ကြောင်း ရွှေတိဂုံစေတီတော်ကို ကယ် တင်ပါ "Save The Shwedagon" ဆွေးနွေးပွဲမှာ ပညာရှင်တွေက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိသုကာအသင်းရုံးချုပ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ အဆောက်အဦး ဦးစီးဋ္ဌာန ညွှန်ကြားရေး မှူး ဒေါ်လှိုင်မော်ဦးက အဲဒီလို ဆောက်လုပ်ရေး စီမံ ကိန်းတွေဟာ ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ပုံရိပ်တွေ များလာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

"အဲ့မှာ အဆောက်အဦးတွေသာမြင့်လာရင် ဘာဖြစ် မလဲဆိုတာကတော့ ဒီမိုကရေစီ ခေတ်မှာ အများပြည်သူရဲ့ဆုံးဖြတ်ချက်ပဲဖြစ်သင့်တယ်လို့ ကျမထင်ပါတယ်၊ ဒီမှာ သေသေချာချာကြည့်ရင် ယောက်ျားလေးတွေ၊ မိန်းကလေးတွေ ပုံစံမျိုးစုံနဲ့ ဘောင်းဘီတို နဲ့ ဒီဇိုင်းပေါင်း စုံတွေ့ရပါတယ်၊ ကျမတို့ ရွှေတိဂုံဘုရားကြီးတွက် ဒါဟာ သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာ ကျမတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်၊ ဘာသာရေးနဲ့ မသက်ဆိုင်ပါဘူး၊ ကျမတို့နိုင်ငံရဲ့ မြို့ပြဒီဇိုင်းမြင်ကွင်းကနေ ကျမပြော တာဖြစ်ပါတယ်"

ဒဂုံစီးတီးစီမံကိန်းကို ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အနီးမှာ အကောင်အထည်ဖော်ဖို့ ရှိနေပြီး အဲဒီစီမံကိန်းမှာ လူနေ အထပ်မြင့်အဆောက် အဦးတွေ ဆောက်လုပ်ဖို့ပါရှိနေတာကြောင့် ရွှေတိဂုံဘုရား တည်ထားတဲ့ သိင်္ဂုတ္တရ ကုန်းတော်ကို ထိခိုက်မယ့် အခြေအနေတွေရှိတယ်လို့ ပြောပါတယ်။

ဒဂုံစီးတီးစီမံကိန်း တည်ရှိတဲ့နေရာဟာ အရင်က တပ်မတော်စစ်ရုံးချုပ်ဟောင်း နဲ့မော်တော်ယာဉ်တပ် တည်ရှိ တဲ့နေရာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ရဲ့ခွင်ပြူချက်နဲ့ အဆင်မြင့်အိမ်ရာ အဆောက်အဦးတွေ ဆောက်လုပ် မှာဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (4)
Share

(

မြို ပြစီမံကန်းကိုကြိုဆိုပါတယ်​ ။ပညာရှင်​မဟုတ်​သဖြင့်​ ပညာရပ်​ပိုင်းဆိုင်​ရာဖြင့်​ မ​ပြောနိုင်​​သော်​လည်း မြန်​မာလူမျိုး BUDDHIST ဘာသာဝင်​များ၏ အထွတ်​အမြတ်​ထားရာ မြတ်​​ရွှေတိဂုံနားတွင်​ပြုလုပ်​ခြင်းအား လုံးဝကန့်​ကွက်​ပါသည်​။ တကယ်​လုပ်​ရမဲ့ မြို ပြစီမံကိန်းသည်​ အ​ခြေခံလူတန်းစားများနှင့်​ အလယ်​အလတ်​လူတန်းစားများ ​နေထိုင်​နိုင်​သည့်​ နှစ်​ရှည်​ ဆပ်​နိုင်​သည့်​ သန့်​ရှင်းသတ်​ရပ်​သည့်​ မြိုပြ စမံကိ​န်းများအား မြိုပြင်​တွင်​ စနစ်​တကျ အ​ကောင်​ထည်​​ဖော်​ရန်​ဖြစ်​သည်​။

May 20, 2015 05:34 AM

အတွင်းသိ

နေရပ်- Myanmar

ပညာရှင်တွေ ဘယ်လောက် ပြောပြော ကိုမျိုးချစ်ကြီးတို့ ကတော့ နား မျက်စေ့ ပိတ် ထားမှာပဲ။

May 18, 2015 07:56 PM

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

ဒဂုံစီးတီးလို အဆင့်မြင့် ဆိုင်နေရာ အပြည့်အစုံနဲ့ လူနေအဆောက်အဦး စီမံကိန်း ရန်ကုန်မြို့မှာ ရှိသင့်ပါတယ်။ တခုတည်းမဟုတ်ပဲ ဥက္ကလာစီးတီး၊ အင်းစိန်စီးတီး၊ သံလျင်စီးတီး၊ သုဝဏ္ဏစီးတီး ဆိုတာလို အများကြီး ရှိလေ ကောင်းလေပဲ။ တခုပဲ။ ကိုယ့်တိုင်းပြည်ရဲ့ အဓိကတန်ဘိုးအကြီးဆုံးကို တန်ဘိုးထားပြီး လွတ်ရာကျွတ်ရာမှာ သွားဆောက်ကြသင့်တယ်။ ရန်ကုန်မြို့ဘေး ပတ်ပတ်လည်မှာ နေရာလွတ်တွေ ရှာကြည့်ပါဦး။ မြို့ပြင်မှာ ဆိုရင် အဲသလို ဆိုင်အပြည့်နဲ့ မြို့ပြတွေ ပို မသင့်တော်ဘူးလား။ ဥပမာ FMIစီးတီးလိုပေါ့။

May 18, 2015 03:31 PM

Myo Chit Myanmar

နေရပ်- Myanmar

စစ်တပ် ရုပ်သိမ်း သွား ပြီဆို ရင် နိုင်ငံ ပိုင် ပြန်ဖြစ်ပြီး နိုင်ငံရဲ့  စီမံ ခန့် ခွဲမှု အောက် ပြန်ရောက်ရမယ်။ ဒိအပြင် စစ်တပ် ဟာ ကိုယ်တိုင် စီးပွား ရှာခွင့် မရှိ ဘူး။ နိုင်ငံရဲ့  ထောက်ပံ့ မှုပဲယူရမှာ ယူနေတာ။ စစ်အာဏာရှင် တွေဟာ သူတို့  စိတ်ကြိုက် လုပ်ချင်ရာ ဥပဒေမဲ့ လုပ်တဲ့ အကျင့် မဖျောက်သေးဘူး။ ရန်ကုန်မြို့  ပါတ်ဝန်းကျင် မှာ စစ်တပ် ရုပ် ပြီး စီးပွားရှာနေတာတွေ အများကြီးပဲ။

May 17, 2015 08:10 PM

ဆိုက်တခုလုံးသို့