ကျည်ထောင်စုသစ္စာသရော်စာနဲ့ ပတ်သက်ပြီး ဗဟန်းရဲစခန်းက ဆင့်ခေါ်


2017.05.18
pyitaungsu-thitsar-620.jpg The Voice နေ့စဉ် သတင်းစာမှာ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ထားတာကို တွေ့ရစဉ်
.

The Voice သတင်းစာမှာဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာနဲ့ ပတ်သက် ပြီး ၆၆(ဃ) နဲ့အမှုဖွင့်ခံထားရတဲ့ အယ်ဒီတာချုပ်နဲ့ သရော် စာရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို ဗဟန်းမြို့နယ် ရဲစခန်းက ဒီနေ့ ဆင့်ခေါ်လိုက် ပါတယ်။

စခန်းကခေါ်တာကို ကာယကံရှင်တွေကိုယ်တိုင်သွားဖို့ မရှိဘူးလို့ အမှုဖွင့်ခံထားရသူ ဗြိတိသျှကိုကိုမောင် က ပြောပါတယ်။

"ဥပဒေအကြံပေးက ဦးခင်မောင်မြင့်နဲ့ ကျနော်တို့ဆီက တာဝန်ခံအယ်ဒီတာ ကိုအောင်စိုးနဲ့သွားတယ်ဗျ၊ ဥပဒေ အကြံပေးတွေက အကြံပေးတဲ့အတိုင်း ကျွန်တော်တို့ သွားမတွေ့သေးပဲနဲ့ သူတို့အရင်ဦးဆုံးသွားတွေ့ တာပါ၊ ၆၆(ဃ) အာမခံမရဘူးဆိုတော့ အကယ်လို့ ရဲစခန်းသွားလိုက်လို့ တစ်ခုခုဖြစ်လာရင် ကျနော်တို့ ဒီဘက်မှာ ကိုယ့်အလုပ် ကိုယ်စီနဲ့ဆိုတော့ အလုပ်တွေကို လွဲစရာရှိတာလွဲနေလို့ပါ"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကနေတဆင့်သွားနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေပြီး မကြာခင်မှာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး သတ်မှတ်ထားမယ်လို့ အမှုဖွင့်ခံရသူတွေရဲ့ နီးစပ်တဲ့အသိုင်းအဝိုင်း ကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာမှာ တပ်မတော်က ရိုက်ကူးတဲ့ "ပြည်ထောင်စု သစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ဖော်ပြတဲ့အတွက် တပ်မတော် က အဲဒီသရော်စာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က တိုင် ကြားထားပြီးနောက်မှာ အခုလ ၁၇ ရက်နေ့က ၆၆ (ဃ)နဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

သရော်စာမှာ " ပြည်ထောင်စုသစ္စာ" ကို "ကျည်ထောင်စုသစ္စာ" ဆိုပြီး ရေးတာနဲ့ စစ်ပွဲတွေမှာ ငယ်သားတွေက သာ တိုက်ခိုက်နေပေမယ့် ခေါင်းဆောင်ပိုင်းတွေက ဝိုင်ခွက်ချင်းတိုက်ပြီး ပခုံးဖက်နေကြတယ်ဆိုတဲ့ အချက်တွေ အပါအဝင်အချက်လက်တချို့ကို တပ်မတော်ဘက်က ထောက်ပြထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။