ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို သီးခြားစီ ခွဲထားခြင်းဟာ တစ်ဖက်နဲ့တစ်ဖက် လူမှု ဆက်ဆံရေးမရှိအောင် ခွဲခြားထား သလိုဖြစ်နေကြောင်း ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ Tomas Quintana က ဒီနေ့ ပြောကြားလိုက်ပါတယ်။
စစ်တွေမြို့ ရွှေစေတီ ဆရာတော် အရှင်အရိယဝံသနဲ့ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် မစ္စတာ ကင်တားနားက "အရင်လာတဲ့ ခရီးစဉ်တွေတုန်းကလို မြင်တွေ့ရတာ မဟုတ်တော့ဘဲ အခုဆိုရင် အပြောင်းအလဲတွေကို မြင်တွေ့ေန ရကြောင်း၊ လူ့အဖွဲ့ အစည်းနှစ်ခုကို သီးခြားစီထားခြင်းဟာ တစ်ဘက်နဲ့့တစ်ဘက် အပြန်အလှန် ကူးလူးဆက်ဆံမှုကို တားမြစ်ထားသလိုဖြစ်နေကြောင်း" ပြောသွားပါတယ်။
မစ္စတာ ကင်တားနားဟာ စစ်တွေ အကျဉ်းထောင်နဲ့စစ်တွေ ဆေးရုံကြီးတို့ကို သွားရောက် ကြည့်ရှုပြီးစစ်တွေ အောင်မင်္ဂလာ ရပ်ကွက်က ဒေသခံ မွတ်စလင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ြပီး RFA သတင်းထောက် ကိုမင်းသိန်းအောင်ရဲ့ တင်ပြချက်ကို နားဆင်ပါ။