မြစ်ဆုံစီမံကိန်း ပြန်သုံးသပ်ဖို့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ တောင်းဆို

2019-06-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ်
ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ်
Photo: Zarni Htun/RFA

တရုတ်နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းက ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းစတင်မှာကို ပြန်လည်သုံးသပ်ဖို့ မြန်မာခရစ်ယာန် ဘုန်းတော်ကြီးများ အစည်းအဝေးကနေ တောင်းဆိုလိုက်ပါတယ်။

မြစ်ဆုံစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံကုန်ကျမှာဖြစ်ပြ်ီး လျှပ်စစ် မီဂါဝပ် ၆၄၀၀ ထုတ်ယူမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် သက်ရှိ သန်းပေါင်းများစွာနဲ့ လယ်သမားများ မှီခိုနေရတဲ့ ဧရာဝတီမြစ်ကြီး ထိခိုက်မှာကို စိုးရိမ်တယ်လို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။ ကက်သလစ် သာသနာပိုင် ချားလ်မောင်ဘိုကတော့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် သေဒဏ်ပဲဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပြည်သူတွေ မကျေနပ်လို့ ရပ်တန့်ထားတဲ့ ဒီစီမံကိန်းကို ပြန်လည်စတင်လာဖို့အတွက်  ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြည်ပြည်ဆိုင်ရာက ဖိအားတွေဝင်လာချိန်မှာ မြန်မာအနေနဲ့ တရုတ်နိုင်ငံအပေါ် အဘက်ဘက်က အားထားလာတဲ့ အခြေအနေတွေကြောင့် ဖြစ်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ညီညွတ်မှုနဲ့ နိုင်ငံတကာကို တွန်းလှန်ရမှာဖြစ်သလို ကိုယ့်နိုင်ငံက ကိုယ်ပိုင်ဆိုင်တဲ့ သယံဇာတကို ကာကွယ်ရမှာဖြစ်ပါတယ်။ အလားတူ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း အပြန်အလှန်ကောင်းကျိုးအတွက် ဆောင်ရွက်ဖို့လိုတယ်လို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (1)
Share

Yarzarthingyan

နေရပ်- US

Myit Sone: A lose-lose situation.
You lose the land , displace millions, and ruin it's pristine beauty
You will be in debt.
The major benefactor is not Myanmar.
A NO-NO on ALL COUNTS.
Do not flirt with a SQUINTY DEVIL.

Jun 13, 2019 01:47 AM

ဆိုက်တခုလုံးသို့