စစ်တွေမြို့အနီး စက်လှေမှောက် လူ ၁၀ ဦးသေဆုံး၊ ၃၀ ဦး ပျောက် ဆုံးနေဆဲ
2014.04.26

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ ဝိုင်စတာ မီးပြတိုက်အနီး မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လှေတစ်စီးနစ်မြုပ်ခဲ့ တာကြောင့် လူ ၁၀ ဦးသေဆုံးကြောင်း RFA က ဒီကနေ့ သတင်းရရှိပါတယ်။
အဲဒီစက်လှေဟာ ဧပြီလ ၂၂ ရက်နေ့ည သန်းခေါင်နီး ပါးလောက်မှာ လူပေါင်း ၄၀ လောက်ကို တင်ဆောင်ပြီး စစ်တွေမြို့အနောက်ဘက် အောင်ဒိုင်ချောင်းကနေ စတင်ထွက်ခွာခဲ့တာလို့ သိရပါတယ်။ သူတို့အားလုံးဟာ စစ်တွေမြို့နားက သက္ကယ်ပြင်၊ ဒါးပိုင်ရွာဟောင်းနဲ့ ခုတင်ပိုက် ဒုက္ခသည်စခန်းတွေက မွတ်စလင် ဒုက္ခသည်တွေဖြစ်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကတဆင့် မလေးရှားနိုင်ငံဘက်ကို သွားရောက်ဖို့ ဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အမည်မဖေါ်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။
လူ ၁၀ ဦးလောက်ရဲ့အလောင်းတွေ ပင်လယ်ပြင်ထဲ မျောပါနေတာကိုတွေ့ရှိရပြီး၊ ကျန်တဲ့လူအားလုံး ပျောက်ဆုံးနေ ဆဲဖြစ်ကြောင်းလည်း သိရပါတယ်။