ထိုင်းရေတပ် ဗိုလ်လောင်း ၇၀၀ ရေယာဉ် သုံးစီးနှင့် လာမည်

ထိုင်း ဘုရင့်ရေတပ်မတော်က စစ်ရေယာဉ် ၃ စီးဟာ ဗိုလ်လောင်း သင်တန်းသား ၇၀၀ နီးပါးနဲ့အတူ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို အခုလ ၁၉ ရက်နေ့မှာ လာရောက်မှာဖြစ်တယ်လို့ ရန်ကုန် ထိုင်းသံရုံးက ပြောကြောင်း ဆင်ဟွာသတင်းဌာနက ဒီနေ့ရေးသားဖေါ်ပြပါတယ်။

အဲဒီ သဘောၤတွေက ဗိုလ်လောင်းသင်တန်း သားတွေဟာ ရန်ကုန်မှာ ၅ ရက်ကြာ နေထိုင်တုန်း မှာ မြန်မာ့ရေတပ်မတော်နဲ့ချစ်ကြည်ရေး အစီအစဉ်အရ ဘောလီဘောပွဲတွေ ကစားပြီး သွေးလှူဒါန်းပွဲတစ်ရပ် ပြုလုပ် သွားမယ်လို့လည်း ဆိုပါတယ်။