ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်တွေ လက်မှတ်ရေးထိုး


2014.05.27
actors-section436-305.jpg မေလ ၂၃ ရက်နေ့က အနုပညာရှင်များ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးကြစဉ်
Photo: She Singer Facebook

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ရန်ကုန်မြို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲမှာ  အနုပညာရှင်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီနေ့ လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဌ ကိုလူမင်းက သူတို့ပါဝင်လက်မှတ်ရေး ထိုးဖြစ်တဲ့အကြောင်း အခုလို ပြောပါတယ်။

"မဝံ့မရဲနဲ့ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့ ကျနော် တို့ ပြည်သူတွေအတွက် ကိုယ့်ရဲ့နိုင်ငံသား တစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ရဲလာအောင် တစ်နည်းအားဖြင့် ကျနော်တို့က တွန်းအားပေးခြင်းဖြစ် ပါတယ်၊ ဒါက ပထမဦးဆုံးခြေလှမ်းလို့ ကျနော်ပြော ပါတယ်၊ တစ်ခုပြီးတစ်ခု တစ်ဆင့်ခြင်းတစ်ဆင့် တစ်လှမ်းပြီး တစ်လှမ်းပေါ့"

ဒါ့အပြင် ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆၊  နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတစ်ချို့က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်က လက်မှတ်ထိုးပွဲနဲ့ မန္တလေးမြို့ တောင်လေးလုံးကျောင်း တိုက်က လက်မှတ်ရေးထိုးပွဲတွေမှာ အနုပညာရှင်တွေ လာရောက်လက်မှတ်ရေးထိုးခဲ့ကြတဲ့အကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။