အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့ ဒေသခံ ၄၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာနဲ့ ပန်ချဉ်ကျေးရွာကတဝိုက်မှာအစိုးရတပ်မတော် နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားသွား လာနေတဲ့အတွက် ဒေသခံ ၄၀၀ ဝန်းကျင်ဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာနဲ့ လားရှိုးမြို့ပေါ်တွေကို ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

နားဆိုင်းနဲ့ ပန်ချဉ်ကျေးရွာတွေဘက်မှာ TNLA တပ်ဖွဲ့တွေ နဲ့ အစိုးရတပ်မတော်စစ်ကြောင်းတို့ သွားလာလှုပ်ရှားနေ ကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်ပြီး ထွက်ပြေးလာကြတာဖြစ်ကြောင်း သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပန်ချဉ်ကျေးရွာက ၁၀၀ ကျော်၊ နားဆိုင်ကျေးရွာက ၂၀၀ ကျော်နဲ့ မန်းပွဲကျေးရွာဘက်က ၁၀၀ ကျော်လောက် ရှိနေတယ်လို့ အီနိုင်းကျေးရွာမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ RFA သတင်းထောက် က ပြောပါတယ်။

မနေ့ညကလည်း အီနိုင်းကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးသွားပေ မယ့် ဘယ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင်း ဖြစ်တယ် ဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ အဲဒီအရပ်သား တစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ ရပ်ဖတွေကို လားရှိုးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံနေတယ်လို့လည်း သိရပါတယ်။