စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့က ဈေးသူ၊ ဈေးသားတွေဟာ မြို့နယ်စည်ပင်သာယာရေး ကော်မတီကို ဒီကနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။
ဈေးသူ၊ ဈေးသားတွေက သူတို့ရဲ့သဘောထားဆန္ဒမပါဘဲ ဈေးအသစ်ဆောက်လုပ်ဖို့ စီစဉ်နေတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်သူကို ဗဟိုပြုတဲ့ စည်ပင်သာယာလုပ်ငန်းတွေဖြစ်ပေါ်ဖို့၊ ပြည်သူနဲ့ မကိုက်ညီတဲ့ စည်ပင်နည်းဥပဒေတွေကို ပြင်ဆင်ပေးဖို့၊ ပြည်သူကို ဗဟိုပြုတဲ့ လိုင်စင်ဈေးကွက် ဖြစ်ပေါ်ဖို့၊ ဈေးနဲ့ ပတ်သက်တဲ့ အခွန်အခတွေ လျော့ချဖို့ စတဲ့ အချက်တွေကို ကြွေးကြော်တောင်းဆို ဆန္ဒပြကြတာဖြစ်ပါတယ်။
သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေ သိရှိပြီး ဆောင်ရွက်ပေးနိုင်ဖို့ ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြပွဲမှာ ဟုမ္မလင်းမြို့မဈေးက ဈေးသူ၊ ဈေးသားတွေနဲ့ ဟုမ္မလင်းကမ်းနားမှာ ဈေးရောင်းချသူတွေ ပါဝင်ကြပြီး လူဦးရေ ၃၀၀ နီးပါး ပါဝင်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။
