ကိုဆွေဝင်း ကို အရေးယူပေးဖို့ တိုင်းသာသနာရေးဦးစီးဌာနထံ လက်မှတ်တွေပေးပို့

2017-04-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) နဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) က မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနာ့ပါလကျောင်းဆောင်မှာ ဧပြီလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) နဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) က မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနာ့ပါလကျောင်းဆောင်မှာ ဧပြီလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
.

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ တောင်းဆိုတဲ့ လက်မှတ် ၈ထောင်ကျော်ကို မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနထံ ဒီနေ့ ပေးပို့လိုက်တယ်လို့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(မန္တလေး)ရဲ့ ဒုတိယဥက္ကဌ ဆရာတော်ဘဒ္ဒ န္တ ဣန္ဒောဘာသ က မိန့်ကြားပါတယ်။

ရဟန်းသံဃာတော်၊ သီလရှင်၊ ပြည်သူတွေဆီကနေ မတ်လ ၂၆ရက်နေ့ကစပြီး ဒီနေ့အထိ ကောက်ယူထားတဲ့ လက်မှတ် ၄သောင်းကျော်ရှိပြီး ၈ ထောင်ကျော်ကို ပေးပို့လိုက်တာဖြစ်တယ်လို့ ဆရာတော်ဘဒ္ဒ န္တ ဣန္ဒောဘာသ က မိန့်ကြားပါတယ်။

"ဒီနေ့မှာ မန္တလေးတိုင်းသာသနာရေးဦးစီးဌာနကို ဦးဇင်းတို့ ၂ နာရီ ၅ မိနစ်မှာ တင်လိုက်ပြီ၊ ဦးဇင်းတို့ လက်မှတ်ပေါင်းက ၄၀၀၀၀ ကျော်ရတယ်၊ ဒါပေမယ့် ဦးဇင်းတို့က စာရွက်တွေက တအားများတဲ့အတွက် ၂၂၀၀ စီပါတဲ့ စာအုပ် ၄ အုပ်လုပ်လိုက်တယ်၊ ဒါပေမဲ့ လက်မှတ်တွေကတော့ ဦးဇင်းတို့ဆီမှာ သိမ်းထား တယ်၊ တင်လိုက်တာကတော့ ၈၈၀၀ တင်လိုက်တယ်"

ကိုဆွေဝင်းကို သာသနာရေးဦးစီးဌာနက အရေးယူပေးဖို့အတွက် တောင်းဆိုတဲ့လက်မှတ်တွေကို မန္တလေးမြို့က မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဦးဆောင်ပြီး လက်မှတ်တွေ ကောက်ခံခဲ့တာဖြစ်ပါတယ်။

မဘသအဖွဲ့ဝင် ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေမှာ ကိုဆွေဝင်း ပြောကြားခဲ့ တာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ကို ညှိုးနွမ်းစေတာကြောင့် ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ တိုင်းသာသနာရေးဦးစီးဌာနထံ တောင်းဆိုတာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

မန္တလေးတိုင်း သာသနာရေးဦးစီးဌာနက ကိုဆွေဝင်းအပေါ် အရေးယူမှုရှိ မရှိ အခြေအနေကို စောင့်ကြည့်သွား မှာဖြစ်ပြီး သာသနာရေးဦးစီးဌာနရဲ့ တုန့်ပြန်တဲ့အခြေအနေပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ် လို့လည်း မိန့်ကြားပါတယ်။

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ မဘသဆရာတော် ဦးဝီရသူကို ပါရာဇိက ကျသွားပြီဆိုတဲ့ ရဟန်းတော်တစ်ပါးရဲ့ မိန့်ကြားချက်ကို ကိုးကားပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှခဲ့တဲ့အတွက် မန္တလေးမြို့ခံ မဘသ အဖွဲ့ဝင် ဦးကျော်မျိုးရွှေ က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်တိုင်ကြားထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့