မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ

မြန်မာ့ရေပိုင်နက်အတွင်း ဆလုံကျွန်း အရှေ့ဘက်၊ သူဌေးကျွန်း အနောက်ဘက်၊ ခရုကျွန်း အရှေ့ဘက်နဲ့ သိရိမြိုင် အရှေ့ရပ်ကွက်တွေမှာ စင်္ကာပူ သဲစုပ်သင်္ဘောတွေ ပြန်ရောက်လာပြီး သဲတွေ တိတ်တဆိတ် စုပ်ယူနေကြောင်း သိရပါတယ်။

2011-12-04
Share

စင်္ကာပူ သဲတူးသင်္ဘောတွေဟာ သဲတွေ အဆမတန် စုပ်ယူခဲ့တဲ့ အတွက် ကော့သောင်းမြို့နယ်တဝိုက် ကမ်းပါးတွေပြို သဲသောင်တွေ နည်းပါးလာတာကြောင့် ကော့သောင်းမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေထံ စာရေးသား ပေးပို့ခဲ့ပြီးတဲ့နောက် သဲတူးသင်္ဘော ကုမ္ပဏီတွေ ၂ လနီးပါး သဲစုပ် ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ လကုန်ပိုင်းက စပြီး စင်္ကာပူ သဲတူးသင်္ဘောတွေ ပြန်ရောက်လာပြီး အခုလို သဲတွေ တိတ်တဆိတ် စုပ်ယူနေတာပါ။

ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် မရွှေစင်က သတင်း ပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
Anonymous says:
2011-12-05 01:29

စင်္ကာပူနဲ့မလေးက တရုတ်တွေ ပိုက်ဆံပေးရင် မြန်မာပြည်မှာ ဘာမဆို လုပ်နိုင်တယ်လို့ ပြောတုန်းက ဒီလူ့မျက်နာလက်သီးနဲ့ထိုးချင်တာ လက်စသတ်တော့ တကယ်ဘဲလုပ်နိုင်ကြတာကိုး အပြစ်မရှိတဲ့လူကျတော့ သတ်ဖြတ်တဲ့ရေတပ် ဘာလုပ်နေလဲ ဒါက တိုင်းပြည်အချုပ်အခြာအာဏာ ထိပါးလာပြီ တရုတ်တွေပြောသလို လာဘ်စားပြီး မျက်လုံးမှိတ်ထားတာလား

Anonymous says:
2011-12-04 05:26

Go and stop them, immediately .

Hello ...Hello........Responsible government departmental personnel.....go and stop them and take ACTION.

Anonymous says:
2011-12-04 09:24

တက်လာတဲ့သူများများကအရင်ကအကျင့်တွေမပျောက်ကြသေးဘူး
ကိုယ်မာချင်တဲ့ငတေ တွေများနေတုံးပါဘဲ ဒါကြောင့်ဒီမိုကရေစီ
လိုချင်တာပါ ဒီမိုကရေစီစနစ်မှာတော့ ဘယ်သူမှဥပဒေအထက်
မှာမရှိကြပါဘူး ဥပဒေစိုဒမိုးမှာဖြစ်တဲ့အတွက် လူတိုင်းပွင့်လင်း
လွတ်လပ်စွာ ပြောနိုင်ပြောရဲကြတာပေါ့ လူတိုင်းလဲသိက်ခါရှိရှိနေနိုင်
တာပေါ့ ခုတော့ နိုင်ငံနဲ့ပါတ်ဝန်းကျင် ဘေးမကြည့်ပဲလုပ်နေလိုက်
ကြတာ

Anonymous says:
2011-12-04 21:29

What is your Navy doing? Suppose to protect your soverign and territories, isn't it? Or they are accompanies/partner? Just know how to bully own citizens. Cowards.

Anonymous says:
2011-12-04 19:34

Bull shit singapoean.. Go back your islands...

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။