0:00 / 0:00
အကျဉ်းထောင်ကိုစစ်ဆေးကြည့်ရှုဖို့ အထူးဧည့်သည်တွေ လာတဲ့အခါမျိုးမှာ ထောင်အာဏာပိုင်တွေက အကျဉ်းထောင် ဆေးသုတ်တာ၊ အကျဉ်းသားတွေကို အခန်းထဲပိတ်ထားတာမျိုးတွေ အမြဲဆောင်ရွက်လေ့ရှိတဲ့အတွက် အဖြစ်မှန်ကို အထူးဧည့်သည်တွေ မသိနိုင်တာကြောင့် ဒီလိုတွေ့ခဲ့ရတာလို့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အကျဉ်းသားမိသားစုတွေက ပြောပါတယ်။ အကျဉ်းထောင်တွေထဲကို ပြည်တွင်း ပြည်ပအရာရှိတွေ ဝင်ရောက်လေ့လာစစ်ဆေးတဲ့အခါ ထောင်တွင်းမှာ ပြင်ဆင်ဆောင်ရွက်ထားလေ့ရှိတာတွေနဲ့ အကျဉ်းသားတွေ ကြုံတွေ့ရတာတွေကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။