မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးကို ဗြိတိန် ပိတ်ဆို့အရေးယူ

2021.02.25
မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးကို ဗြိတိန် ပိတ်ဆို့အရေးယူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: RFA

စစ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ကောင်စီ အဖွဲ့ဝင် ခြောက်ဦးကို ဗြိတိန်နိုင်ငံက မနေ့က ပြစ်ဒဏ်ခတ် အရေးယူ ပိတ်ဆို့လိုက်ပါတယ်။

ဒီခြောက်ဦးစလုံး ဗြိတိန် လာရောက်ခွင့်မရတော့ဘဲ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့စည်းတွေကလည်း သူတို့နဲ့ ဆက်ဆံလုပ်ကိုင်လို့မရတော့ပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒု-ဗိုလိချုပ်ကြီး မိုးမြင့်ထွန်းတို့ကို ဗြိတိန်က အရေးယူလိုက်တာပါ။

ဗြိတိန်ဟာ လောလောဆယ်မှာ G-7 အလှည့်ကျ သဘာပတိဖြစ်ပြီး နိုင်ငံတကာနည်းတူ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဝေဖန်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။