ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို ဦးဆောင်ပြီး လှုပ်ရှားခဲ့ ကြတဲ့ မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်း တို့ နှစ်ဦးဟာ ဒီနေ့နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
သူတို့နှစ်ဦးကို မြစ်ကြီးနားမြို့နယ် ရှစ်မိုင်ကျေးရွာမှာ ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်က ဖမ်းဆီးခံလိုက်ရ တာလို့ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရသူ မဆိုင်းနူးပန်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဘိုးဖြစ်သူရဲ့ အသုဘကို လိုက်ပါပို့ဆောင်နေတုန်း မဆိုင်းနူးပန်ရဲ့ကားကို ဝင်တိုက်ပြီး ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ မဆိုင်းနူးပန်ရဲ့ မောင်ဖြစ်သူ Lahpai Zaw Seng က သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အဖမ်းခံရသူ မဆိုင်းနူးပန်ဟာ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီရဲ့မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုလွမ်းဇောင်းဟာလည်း ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတွေဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကပင် မြစ်ကြီးနားမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များကို ဦးဆောင်ပြီး လှုပ်ရှားခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးသလို ဘယ်မှာထိန်းသိမ်း ထားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။