တပ်က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ကိုရီးယားဘဏ်ဝန်ထမ်းကို သင်္ဂြိုဟ်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းမှာ မတ်လ ၃၁ ရက်နေ့က တောင်ကိုရီးယား ဘဏ် Shinhan Bank ရဲ့ ကြိုပို့ယာဉ်ကို ပစ်ခတ်လို့ NMDC,BM 2nd batch က မစုစုကြည် (၃၂) နှစ်ဟာ ကျဉ်ထိမှန်ခဲ့ပြီး ဒီနေ့မှာ သေဆုံးသွားခဲ့ပါတယ်။

မစုစုကြည်ရဲ့ ရုပ်အလောင်းကို မိသားစုက ဒီနေ့ နေ့လယ် ထိန်ပင်သုသာန်မှာ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြပါတယ်။