မီးလောင်ခံခဲ့ရတဲ့ တိမ်ညိုဒုက္ခသည်စခန်း ပြန်ဆောက်ဖို့ ပြင်ဆင်

2021-03-23
Share
မီးလောင်ခံခဲ့ရတဲ့ တိမ်ညိုဒုက္ခသည်စခန်း ပြန်ဆောက်ဖို့ ပြင်ဆင် မြောက်ဦးမြို့နယ်မှာ ၂၀၂၁ မတ်လ ၁၇ ရက်နေ့က မီးလောင်ခဲ့တဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မီးလောင်ခဲ့လို့ ဒုက္ခသည်ပေါင်း ၂၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းကို ဒီရက်ပိုင်းအတွင်း ပြန်လည်တည်ဆောက်မယ်လို့ စခန်းတာဝန်ရှိသူတွေ က ဒီနေ့ပြောပါတယ်။

မတ်လ ၁၇ ရက်နေ့ ည ၈ နာရီလောက်က ပေါ့ဆမီးကြောင့် တိမ်ညိုစစ်ဘေးဒုက္ခသည် စခန်းက မိသားစုတွေ နေထိုင်တဲ့ အခန်းပေါင်း ၈၇၅ ခန်းထဲက ၆၆၃ ခန်း မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မူလဒုက္ခသည်စခန်းမှာ ဆက်မနေလိုဘဲ နေရပ်ပြန်လိုပါက ပြန်နိုင်ကြောင်း အာဏာပိုင် တွေက ပြောထားပေမယ့် ဒုက္ခသည်တွေကတော့ လုံခြုံရေး စိတ်မချရသေးလို့ဆိုပြီး နေရပ်ပြန်ဖို့ ငြင်းဆန်နေ ကြတာဖြစ်ပါတယ်။

မီးဘေးသင့် စစ်ဘေးဒုက္ခသည်တွေဟာ အခုလက်ရှိမှာ တိမ်ညိုကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ယာယီ ခိုလှုံနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့