တောင်သာမြို့နယ် NLD ရုံးကို စစ်ကောင်စီ ပစ်ခတ်ဖျက်ဆီး

2021-08-23
Share
တောင်သာမြို့နယ် NLD ရုံးကို စစ်ကောင်စီ ပစ်ခတ်ဖျက်ဆီး မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို သြဂုတ်လ ၂၂ ရက်နေ့ မနေ့ညက အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ၁၅ ယောက်ခန့် ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေနတ်တွေနဲ့ အချက်ရေ ၁၀၀ ကျော်လောက် ပစ်ခတ်သွားတဲ့အပြင် လက်လုပ်ဗုံးလို့ယူဆရတဲ့ ဗုံးနဲ့လည်း ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရုံးမျက်နှာစာမှာရှိတဲ့မှန်တွေ တော်တော်များများ ပျက်စီးသွားပါတယ်။

အာဏာသိမ်းပြီးခါစ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း အဲဒီရုံးကို စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်လာပြီး ကွန်ပြူတာ၊ ပရင်တာနဲ့ မိတ္တူကူးစက်အပါအဝင် ရုံးထဲမှာရှိတဲ့ ပစ္စည်းအချို့ကို ယူဆောင်သွားပြီးနောက် ရုံးကိုပါချိတ်ပိတ်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ တောင်သာမြို့နယ် NLD ပါတီရုံးကို ၂၀၁၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့