ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကွယ်လွန်

တပ်မတော်က အာဏာသိမ်းပြီး အသစ်ဖွဲ့စည်းခန့်အပ်ထားတဲ့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး‌ကောင်စီရဲ့ ဥက္ကဋ္ဌ ဦးတဲရန့်စန်မွေးနီခွဲဟာ ဖေဖော်ဝါရီလ ၁၁ ရက်‌နေ့ ဒီနေ့ မနက်အစောပိုင်းမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဦးတဲရန့်စန်မွေးနီခွဲဟာ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ ဥက္ကဋ္ဌတာဝန်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လုပ်သက် ၈ ရက်သာ ရှိပါသေးတယ်။

သေဆုံးသွားသူ ဦးတဲရန့်စန်မွေးနီခွဲဟာ ကောင်စီဥက္ကဋ္ဌ တာဝန်မထမ်းဆောင်ခင်က ချင်းပြည်နယ် တရားလွှတ်တော်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။