ထိုင်း-မြန်မာနယ်စပ်က တရားမဝင် ဆက်သွယ်ရေးလိုင်းတွေ ဖြုတ်သိမ်းခံရ

RFA Burmese
2024.12.02
ထိုင်း-မြန်မာနယ်စပ်က တရားမဝင် ဆက်သွယ်ရေးလိုင်းတွေ ဖြုတ်သိမ်းခံရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း တရားမဝင် ဆက်သွယ်ရေး ကေဘယ်ကြိုးများကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိပြီး ဖြုတ်သိမ်းခဲ့ကြောင်း ဘန်ကောက်ပို့စ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားစဉ်။
Bangkok post

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ကေဘယ်ကြိုးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိပြီး ဖြုတ်သိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဒီဇင်ဘာ ၃ ရက် ဒီနေ့ သတင်းဖော်ပြပါတယ်။

ဒီဆက်သွယ်ရေးကေဘယ်ကြိုးတွေဟာ မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်မှာ လုပ်ကိုင်နေကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဖုန်းစင်တာတွေကို အင်တာနက်ဝန်ဆောင်မှုပေးဖို့အတွက် အသုံးပြုနေတာလို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်ထားပါတယ်။

ဆယ်သွယ်ရေးလိုင်းကြိုးတွေအပြင် ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဖုန်းဆင်းမ်ကတ် တစ်သိန်းကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် တရားမဝင်ဆက်သွယ်ရေးလိုင်းတွေ ဖယ်ရှားနိုင်ရေး ဆက်လက်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို ဖယ်ရှားသိမ်းဆည်းခဲ့တာလို့ ထိုင်းအစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးလိုင်းတွေကို တရားမဝင်အသုံးပြုတာဟာ ထိုင်းနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းအက်ဥပဒေ ပုဒ်မ-(၆၇ )ကို ချိုးဖောက်တာဖြစ်ပြီး ထောင်ဒဏ် ငါးနှစ်နဲ့အထက် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ဆယ်သန်းနဲ့ အထက် ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရအာဏာပိုင်တွေဟာ ထိုင်း-မြန်မာနယ်စပ်ကို တရားမဝင်ဆက်သွယ်ရေးလိုင်းတွေကို ဖယ်ရှားဖမ်းဆီးဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။