ထိုင်း-မြန်မာ နယ်စပ်ဂိတ်တစ်ခု ထပ်ပိတ်

2021-06-14
Share
ထိုင်း-မြန်မာ နယ်စပ်ဂိတ်တစ်ခု ထပ်ပိတ် ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ဆောင်နေသည့် မြင်ကွင်းတခု။
Photo: RFA

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် ဘုရားသုံးဆူ နောင်လူနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းတင်သွင်းမှုကို ဇွန်လ ၁၄ ရက်နေ့ကနေ ဇွန်လ ၂၇ ရက် နေ့ထိ ထိုင်းနိုင်ငံဘက်ကနေ သီတင်းနှစ်ပတ်ကြာ ပိတ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲမှာ ကိုဗစ်ရောဂါ ကူးစက်ခံရမှုတွေ ရှိလာသလို၊ နယ်စပ်ဂိတ်က ထိုင်းအကောက်ခွန် အရာရှိမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ကုန်ပစ္စည်းတင်ပို့ခွင့် ပိတ်ပင်လိုက်တာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက RFAကို ပြောပါတယ်။

ခုလို နယ်စပ်ဂိတ်ပိတ် လိုက်တဲ့အတွက် ကုန်ပစ္စည်းတွေ သယ်ဆောင်ပေးတဲ့ ယာဉ်မောင်းတွေ၊ တဆင့်ခံ ဈေးပြန်ရောင်းသူတွေမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့လည်း သူက ပြောပါတယ်။ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ဖို့ နယ်စပ်ဂိတ် လူအဝင်အထွက်အပြင် ကုန်ပစ္စည်းတင်ပို့မှုကိုပါ ထိုင်းဘက်က ပိတ်ပင်လိုက်တာပါ။

ဘုရားသုံးဆူ နယ်စပ်ဂိတ် ကုန်သွယ်ရေးဟာ မြဝတီ-မဲဆောက်၊ တာချီလိတ်-မဲဆိုင် စတဲ့ နယ်စပ်ဂိတ်တွေလိုပဲ ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကုန်သွယ်ရေး ဂိတ်တခု ဖြစ်ပါတယ်။ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတား ကုန်သွယ်ဂိတ်ကိုလည်း မြန်မာဘက်က ပိတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့