ချင်းမိုင်မှာ မြန်မာအလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး

လုဆိုင်း (ထိုင်းနိုင်ငံ)
2021-10-21
Share
ချင်းမိုင်မှာ မြန်မာအလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေစဉ်။
Photo: CJ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုတွေ နေ့စဉ် မြင့်တက်နေသလို ရွှေ့ပြောင်းအလုပ်သမားတွေလည်း ကူးစက်ခံနေရလို့ အထောက်အထားရှိသူ ဘယ်သူမဆို ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးပေးနေပါတယ်။

ချင်းမိုင်မြို့က အာရုံကြောဆေးရုံ အပါအဝင် သုံးနေရာမှာ ကိုဗစ်ကာကွယ်ဆေးကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ အောက်တိုဘာလ ၂၃ ရက်နေ့ထိ မြန်မာအလုပ်သမားတွေကို ကြိုတင်စာရင်းသွင်းစရာမလိုဘဲ အခမဲ့ ထိုးပေးနေတာပါ။ ပထမအကြိမ်မှာ Sinovac အမျိုးအစားကို ထိုးပေးနေပြီး၊ ဒုတိယအကြိမ်မှာ Astra Zeneca အမျိုးအစား ထိုးပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကိုတော့ ကာကွယ်ဆေးထိုးမပေးသေးဘူးလို့ သိရပါတယ်။

ချင်းမိုင်မြို့မှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ဈေးကြီးတွေ ပိတ်ထားလိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စားဝတ်နေရေးနဲ့ နေထိုင်ရေးတွေမှာ အခက်အခဲတွေ ရှိလာတယ်လို့ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် အလုပ်ရဖို့ ခက်ခဲလာမှာ ဖြစ်သလို၊ ခရီးထွက်လို့ မရ၊ နယ်ကျော်သွားလာလို့ မရသလို အထောက်အထားသက်တမ်း ဒါမှမဟုတ် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာလည်း အခက်အခဲရှိလာနိုင်လို့ ကာကွယ်ဆေးကို ထိုးကြဖို့ ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့