ထိုင်းနယ်စပ်မှာ သောင်တင်နေတဲ့ မြန်မာအလုပ်သမားတချို့ ပြန်ခွင့်ရ

2021-06-15
Share
ထိုင်းနယ်စပ်မှာ သောင်တင်နေတဲ့ မြန်မာအလုပ်သမားတချို့ ပြန်ခွင့်ရ ၂ဝ၂ဝ ခုနှစ် အောက်တိုဘာလက မြန်မာနိုင်ငံကို ပြန်လာကြသော ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။
File Photo/ AFP

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းမှာ သောင်တင်နေတဲ့ နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၅၀ ထဲက အယောက်၂၀ဝ ဟာ ဇွန်လ ၁၅ ရက် မနေ့က မြန်မာနိုင်ငံကို ပြန်ခွင့်ရခဲ့ပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတားပေါ်ကနေ နေရပ်ပြန်ဖို့ မြန်မာနိုင်ငံ စစ်ကောင်စီဘက်က မေ ၃၁ ရက်နေ့က အကန့်အသတ်မရှိ ပိတ်ထားခဲ့ရာကနေ မနေ့ကစပြီး မြန်မာဘက်ခြမ်းက ပြန်လက်ခံနေပြီလို့ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ(JACAB) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သား ၆၅၀ ထဲက တရက်ကို အယောက်၂၀ဝ ပြန်ခွင့်ရပြီး ကျန်တဲ့လူတွေကို တရက်ခြား ပြန်လက်ခံမှာ ဖြစ်ပါတယ်။ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ ရက် ၂၀ လောက် သောင် တင်နေခဲ့ကြတာပါ။

ုမြန်မာပြည်ဘက်ခြမ်းမှာ ကိုဗစ်စောင့်ကြည့်ရေးစင်တာ လုံလောက်မှု မရှိသလို စရိတ်တွေလည်း ကိုယ်တိုင် ကုန်ကျရမှာ ဖြစ်ပြီး နောက်ထပ် နေရပ်ပြန်မယ့် အလုပ်သမားတွေကို ပြန်လက်ခံမယ် လက်မခံမယ်ဆိုတာ မသိရသေးတဲ့အကြောင်း၊ နေရပ်ပြန်လိုသူတွေ အနေနဲ့ သေချာစုံစမ်းပြီးမှ ပြန်လာစေလိုကြောင်း ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနယ်စပ်က နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်မှာ ကိုးဗစ်ရောဂါပိုးတွေ့ရှိခဲ့လို့ စိုးရိမ်မှုတွေကြောင့် မြန်မာဘက်ခြမ်း စစ်ကောင်စီက မေလ ၃၁ ရက်နေ့ကနေ အကန့်အသတ်မရှိ ပိတ်ခဲ့ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့