နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် မဟာချိုင်မြို့က ထလေထိုင်းရပ်ကွက်မှာ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ လုံခြုံရေး ထူထူထပ်ထပ်ချထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။
ထလေထိုင်းရပ်ကွက်ဟာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကြတဲ့ ငါးပုဇွန်လုပ်ငန်းအကြီး စားတွေ အခြေစိုက်တဲ့မြို့ ဖြစ်ပါ တယ်။ ဈေးအနီးက ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ေအာင်ဆန်းစု ကြည်အား လှိုက်လဲှစွာကြိုဆိုကြောင်း ထိုင်း မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုလည်းခန်းမရှေ့ မှာ စိုက်ထူထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက် ၁၁ နာရီကျော်လောက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ညနေပိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမား ၂၅၀၀နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် မြန်မာအလုပ်သမားတွေလည်း မနက်ဖြန် အလုပ်မဆင်းပဲ ခွင့်ယူထား သူတွေများတယ်လို့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အလုပ်သမားအများစုက သူတို့ရဲ့ သက်တမ်းကုန်သွားတဲ့ ယာယီ နိုင်ငံကူးလက်မှတ်တွေကို ထိုင်းနိုင်ငံ မဟာချိုင် မှာပဲ သက်တမ်းတိုးခွင့်ပြုပေးဖို့တင်ပြလိုကြကြောင်းလည်း ပြောပါတယ်။
ထိုင်းမှာအလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ၆ နှစ်နဲ့ ၄ နှစ်သက်တမ်းရှိတဲ့ ယာယီနိုင်ငံကူး လက်မှတ်ကူး လက်မှတ်တွေကို ကိုင်ဆောင်ထားကြသူတွေရှိသလို နိုင်ငံကူးလက်မှတ်မရှိဘဲ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ စာရွက်နဲ့ နေထိုင်ကြသူတွေလည်းရှိပါတယ်။ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဟာ သက်တမ်းကုန်တဲ့အခါ မြန်မာနိုင်ငံကို ပြန်ပြီး သက်တမ်းတိုးရတဲ့အတွက် ကုန်ကျစားရိတ်လည်းများသလို အချိန်ကြာတဲ့အတွက် ထိုင်းပြန်လာတဲ့အခါ အလုပ်ပြန်မရကြတဲ့ဒုက္ခနဲ့လည်း ရင်ဆိုင်ရတယ်လို့လည်း ပြောကြ ပါတယ်။
ထိုင်းအစိုးရရဲ့ထုတ်ပြန်ချက်အရ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား အလုပ်သမားအရေအတွက်ဟာ ၁သန်းခွဲနီးပါးရှိတယ် လို့ဆိုပါတယ်။ လေ့လာသူတွေ အဆိုအရထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ တရားဝင်ရော တရားမဝင်သူပါဆိုရင် ၅ သန်းနီး ပါးလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။