ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) သားမက်ဖြစ်သူ ဈာပနကိုတက်ရောက်

2019-06-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo credit - Citizen Journalist

၂၀၁၁ ခုနှစ် ဧပြီလမှာ အာဏာလွှဲပြောင်းပေးခဲ့အပြီး ကိုးနှစ်နီးပါးကြာ အများပြည်သူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့ အငြိမ်းစား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇွန်လ ၁၅ ရက်နေ့ မနေ့က သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းနိုင်ရဲ့ ဈာပနအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဇွန်လ ၁၄ ရက်နေ့က ကွယ်လွန်သွားတဲ့ သားမက်ဖြစ်သူရဲ့ ဈာပနကို ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်နဲ့အတူ လာရောက်တာကို တပ်မတော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဓာတ်ပုံမှတ်တမ်း ရိုက်ပြီး လူမှုကွန်ရက် Facebook စာမျက်နှာပေါ် တင်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၂၀၁၁ ခုနှစ်မှာ တပ်မတော်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်း အများပြည်သူရှေ့မှောက်မှာ သွားလာလှုပ်ရှားနေတာ မရှိခဲ့တဲ့အပြင် သူကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလတွေ မကြာခဏဆိုသလို ထွက်ပေါ်လေ့ရှိပါတယ်။

သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းနိုင်ရဲ့ ဈာပနမှာမှ ပထမဆုံးအကြိမ် တပ်မတော် အသိုင်းအဝိုင်းရှေ့မှာ ပြန်လည်မြင်တွေ့ရတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်မှူးချုပ်ဟောင်း သိန်းနိုင် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါကြောင်း ဦးသန်းရွှေရဲ့ မိသားစုထံ ပုဂ္ဂိုလ်ရေး စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စာပေးပို့လိုက်တဲ့အပေါ် လူမှုကွန်ရက်ပေါ်မှာ အမြင်သဘောထားမတူညီတဲ့ ပြောဆိုချက်တွေကိုလည်း ဒီရက်ပိုင်းမှာ တွေ့ရပါတယ်။

ဆိုက်တခုလုံးသို့