နေပြည်တော်မှာ ဆန္ဒပြကျောင်းသူ/သား ၃၀ ကျော် ဖမ်းဆီးခံရ

2021-02-15
Share
နေပြည်တော်မှာ ဆန္ဒပြကျောင်းသူ/သား ၃၀ ကျော် ဖမ်းဆီးခံရ အာဏာရှင်ဆန့်ကျင်ရေး နေပြည်တော် အထက (၁၄) မှ ကျောင်းသားများနှင့် ဆန္ဒပြသူများကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ကျောင်းသားစစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဝိုင်းရံပိတ်ဆို့ပြီး ကျောင်းသူကျောင်းသား အယောက် ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ‌ရွှေကြာပင်ရပ်ကွက် အထက (၁၄) က ကျောင်းသားဟောင်းတွေနဲ့ လက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေ ပါ၀င်တဲ့ သပိတ်စစ်ကြောင်းဟာ မနက် ၇ နာရီလောက်က ရွှေကြာပင်ကနေ စထွက်ပြီး လူစည်ကားရာ သပြေကုန်းစျေး၊ ကျောက်စိမ်းပြတိုက်နဲ့ အဆင့်မြင့်စျေးအနီးကို လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။

အဆင့်မြင့်စျေး စည်ပင်ဘဏ်ရှေ့ အရောက်မှာ တင့်ကားတစ်စီးနဲ့အတူ လက်နက်ကိုင်စစ်သား အပြည့်ပါ၀င်တဲ့ စစ်ကားငါးစီးက ၀န်းရံ ပိတ်ဆို့ပြီးနောက် ကျောင်းသားတွေအပါအဝင် စုစုပေါင်း ဆန္ဒပြသူ ၃၅ ဦးလောက်ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ၈၈-မျိုးဆက် ကျောင်းသားတစ်ဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

အဲဒီဆန္ဒပြ ကျောင်းသူကျောင်းသားတွေကို နေပြည်တော် အချုပ်ထောင်ကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့