ရွှေဘိုမှာ USDP ပါတီဝင် နေအိမ်အချို့ပစ်ခတ်ခံရပြီး သုံးဦးသေဆုံး

2021-09-08
Share
ရွှေဘိုမှာ USDP ပါတီဝင် နေအိမ်အချို့ပစ်ခတ်ခံရပြီး သုံးဦးသေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ၂၀၂၁၊ ဧပြီ ၁၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ပါတီဝင် နေအိမ်အချို့ စက်တင်ဘာလ ၇ ရက် ည ၁၂ နာရီကျော်လောက် သေနတ်နဲ့ အပစ်ခံရတာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ ပါတီဝင် သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်ခံရမှုကြောင့် USDP ပါတီဝင်တွေ ဖြစ်ကြတဲ့ ဦးနု၊ ဦးမြင့်ဝေနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ သုံးဦးကတော့ ရွှေဘိုမြို့နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်ခိုင်ဖြိုးပါတီဝင် သုံးဦး အပစ်ခံရလို့ သေဆုံးတယ်ဆိုတာ ဟုတ်တယ်၊ ဒါပေမဲ့ ဘယ်အဖွဲ့က ၀င်ပစ်သွားတယ်ဆိုတာတော့ မသိရသေးဘူး” လို့ ဒေသခံက ဆိုပါတယ်။

ရွှေဘိုမြို့မှာ စစ်ကောင်စီကို သတင်းပေးနေသူဆိုပြီး စွပ်စွဲခံထားရသူ ပန်းရံဆရာ ဦးစိုးတင့် လည်း သြဂုတ်လ ၂၉ ရက်နေ့က သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ရွှေဘိုမြို့ပေါ်အပါအဝင် သီးလုံး၊ ညောင်ကိုင်းကျေးရွာနဲ့ ကျေးရွာအချို့မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရပြီး အသတ်ခံရသူ ဆယ်ဦးထက်မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့