ကျပ် ၈၂ သန်းဖိုး မူးယစ်ဆေးများ TNLA တပ်ဖွဲ့က ဖမ်းဆီးရမိ


2015-11-29
Share
drugs-tnla-620.jpg TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ်
ဓါတ်ပုံ - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်များ နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့မှ  မန်တုံမြို့နယ်၊ မုံးခတ်ကျေးရွာမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ရှောင်တခင်စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘိန်းနဲ့ မူးယစ်ဆေးဝါးများ  တန်ဖိုးငွေ ကျပ် ၈၂  သန်းကျော်  ဖမ်းဆီးရမိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ကြေညာပါတယ်။

နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာနေ ဦးပိန်းခါည်ဖူရဲ့နေအိမ်မှာ ဆပ်ပြာခွက်ဖြင့်ထည့်ထားတဲ့ ဘိန်းဖြူ  ၅၅ ခွက်၊ ယာဘဆေးပြား အထုတ် ၂ဝဝ ၊ ဘိန်းမည်း ၂ ပိဿာကို ဖမ်းမိတာဖြစ်တယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ တရားခံအား  PSLF/TNLA တပ်ဖွဲ့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအား PSLF/TNLA တပ်ဖွဲ့ နှစ်ပတ်လည်နေ့တွင် တစ်နှစ်တာဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအားလုံးကို အများပြည်သူ၊ ရှေ့တွင် အခမ်းအနားဖြင့် စုပေါင်းမီးရှို့ဖျက်ဆီးမည်လို့ ဖေါ်ပြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့