မိုးညှင်းဘူတာနားမှာ ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့အဝင် မိုးညှင်းဘူတာနားက တံတားအမှတ်(၅၈၇) မှာ မန္တလေးဘက်ကနေ ခုတ်မောင်းလာတဲ့ ရထား ဖြတ်သန်းနေချိန်အတွင်း ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ ည ၁၀ နာရီအချိန်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
2012-12-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။
မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။
Photo:RFA/Kyaw Myo Min

 

မိုးညှင်းမြို့အဝင် ၊ အုတ်ကျင်းရပ်ကွက်ထိပ်၊ တံတားအမှတ် ၅၈၇၊ ကြေး နန်းတိုင် ၆၃၂/၁၈ ကို ရှေ့ပြေးရထား ဖြတ်သန်းချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အစိုးရတပ်သားတွေ လိုက်ပါတဲ့ ရှေ့ပြေးလုံခြုံရေး ရထား နဲ့ ခရီးသည်တင် ရထားတွဲကြားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ခရီးသည်တင် ရထားတွဲကတော့ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲသံ ကြားပြီးနောက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ရထားသံလမ်းကို ညတွင်းချင်း ပြင်ဆင်တဲ့အသံတွေ ကြားရတယ်လို့ မိုးညှင်းဒေသခံ ဦးစိုင်းထွန်းက RFA ကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် မိုးညှင်းမြို့ဘက်မှာ ရထားလမ်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။

အခုလ (၂၁ ) ရက်နေ့ကလည်း မန္တလေး - မြစ်ကြီးနားသွား အမှတ် ၉၃၇ အဆန်ကုန်တင်ရထားဟာ မိုးညှင်းမြို့နယ်၊ နမ္မားဘူတာနဲ့ မြို့သစ်ကလေး ဘူတာအကြား မိုင်တိုင် အမှတ် ၆၄၃ အနီးမှာ မီးရထားသံလမ်း မိုင်းပေါက်ကွဲခဲ့မှုကြောင့် ကုန်တင်ရထားရဲ့ ကုန်တွဲ ၄ တွဲ လမ်းချော် တိမ်းမှောက်ပြီး ရထားစက်ခေါင်းမောင်းသူ အပါအဝင် မီးရထားဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့