သံတွဲပဋိပက္ခအတွင်း ဖမ်းဆီးခံထားရသူတွေကို စတင်ရုံးထုတ်စစ်ဆေး


2013.11.07
thandwe-burn-house-305.jpg ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က ပဋိပက္ခအတွင်း မီးရှို့ခံရတဲ့ အိမ်တစ်အိမ်ကို တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

ရခိုင်ပြည်နယ် သံတွဲမြို့မှာ အောက်တိုဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားရတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဦးစောလှိုင်(ခေါ်) ဦးမောင်ပု အပါအဝင် ၁၁ ဦးအမှုကို သံတွဲမြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ ပါတယ်။

သူတို့အားလုံးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၆ ဝတ္တရားနှောင့်ယှက်မှု၊ ၅၀၅(ဂ) ဆူပူအောင်လှုံ့ဆော်မှု စတဲ့ပုဒ်မတွေနဲ့ အမှု ၂ မှု ခွဲပြီး အောက်တိုဘာလ ၃၁ ရက်နေ့က စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

သံတွဲမြို့နယ်မှာ အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး သံသယရှိသူတွေ အတော်များများကို အစိုးရက ဖမ်းဆီးအရေးယူ ထားတာ ဖြစ်ပါတယ်။

အဲဒီ ၁၁ ဦးအမှုကို လာမယ့်နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။