ဗြိတိန်ပါလီမန်အဆောက်အအုံနံရံမှာ ဦးဂျင်မီရုပ်ပုံမီးမောင်းထိုးပြခဲ့

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ပြတဲ့အနေနဲ့ စစ်ကောင်စီရဲ့ သေဒဏ်ပေးကွပ်မျက်ခံခဲ့ရတဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီရဲ့ ရုပ်ပုံကို လန်ဒန်မြို့လယ်ခေါင်ရှိ Marble Arch မုဒ်ဦး ဗြိတိန်ပါလီမန်အဆောက်အဦနံရံပေါ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က မီးမောင်းထိုးပြခဲ့ပါတယ်။

finalissimamente_2022-10-25_without-1320x1320.jpg
လန်ဒန်မြို့လယ်ခေါင်ရှိ Marble Arch မုဒ်ဦး ဗြိတိန်ပါလီမန်အဆောက်အဦနံရံပေါ်မှာ မီးမောင်းထိုးပြခဲ့တဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ရုပ်ပုံ။Photo: Myanmar Accountability Project

ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်အရေးကို နိုင်ငံတကာက အာရုံစိုက်လာအောင်ရည်ရွယ်ပြီး ဗြိတိန်အခြေစိုက် Myanmar Accountability Project(MAP) အဖွဲ့ကဦးဆောင် အခုလို ပြသခဲ့တာပါ။

Myanmar-Projections-08122022-NJS-3930-1536x1024.jpg
Highlighting Rights: Marble Arch And UK Parliament Light Up With Image Of Myanmar Dissident To Mark World Human Rights Day လန်ဒန်မြို့လယ်ခေါင်ရှိ Marble Arch မုဒ်ဦး ဗြိတိန်ပါလီမန်အဆောက်အဦနံရံပေါ်မှာ မီးမောင်းထိုးပြခဲ့တဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ရုပ်ပုံ။Photo: Myanmar Accountability Project (Nicky J Sims/Getty Images for The Myanmar Accountability Project)

ဗြိတိန်အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုဖို့လိုတယ်လို့ MAP အဖွဲ့ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာက ပြောပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်အင်ဒရူးကလည်း နိုင်ငံတကာက ယူကရိန်းနိုင်ငံကို အကြီးအကျယ်ကူညီနေကြပေမဲ့ မြန်မာနိုင်ငံအရေးကိစ္စအတွက်တော့ ပျက်ကွက်နေတယ်လို့ ဝေဖန်ပါတယ်။

ဗြိတိန်ပါလီမန်အဆောက်အဦနံရံပေါ်မှာ ဦးဂျင်မီရဲ့ ရုပ်ပုံအပြင် မြန်မာစစ်တပ်သတ်ဖြတ်ထားတဲ့ အရပ်သားပြည်သူ ၂၅ဝဝ ကျော်ရှိပြီး ဖမ်းဆီးထားတဲ့သူ တစ်သောင်းခြောက်ထောင်ကျော်ရှိပြီဆိုတာလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေရပ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။