ရခိုင်ပြည်နယ်အတွက် ပေါင် သန်း ၈ဝ ကျော် ဗြိတိန် သုံးစွဲ

2015-06-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်က လမ်းမကြီးတစ်နေရာကို တွေ့ရစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်က လမ်းမကြီးတစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွက် ၂ဝ၁၅ -၂ဝ၁၆ ခုနှစ်အတွင်း ပေါင်စတာလင် ၈၂ သန်းအထိ သုံးစွဲနေကြောင်း နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Desmond Swayne ကပြောပါတယ်။

ရခိုင်ပြည်နယ်က ရွှေ့ပြောင်းနေထိုင်ရသူ ၁ သိန်း ၂ သောင်း ၆ ထောင်အတွက် စားနပ်ရိက္ခာ၊ သောက်ရေ၊ သန့်ရှင်းရေးနဲ့ အဓိက ဘဝသက်မွေးဝမ်းကြောင်းကိစ္စတွေအတွက် သုံးစွဲနေကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မိခင်တွေနဲ့ အသက် ၅ နှစ်အောက် ကလေးတွေအတွက် သုံးစွဲခဲ့ကြောင်း၊ ဒါကြောင့် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုအတွက် ၂ဝ၁၂ ခုနှစ်ကစလို့ ပေါင်စတာလင် ၁၈ သန်း ကူညီခဲ့သလို၊ ဒီနှစ်အတွင်း နောက်ထပ် ၆ သန်းကျော် ကူညီခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘာသာလူမျိုး ပြဿနာဟာ အတော့်ကိုရှုပ်ထွေးသလို အဖြေကိုလွယ်လွယ်နဲ့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဘဝနေထိုင်မှုဟာ လမ်းပိတ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေကြောင်း ထင်ရှားသလို၊ အဲ့ဒီအနေအထားဟာ အဲ့ဒီလူတွေ အန္တရာယ်များတဲ့ လမ်းတွေကနေ တခြားနိုင်ငံတွေကိုသွားဖို့ အကြောင်းတရား ဖြစ်လာတယ်လို့ ဆိုပါတယ်။

ကွန်မင့်များ (2)
Share

Thant Sin

နေရပ်- Myanmar

လူသား အတွက် လုဆန်တဲ့ သူတွေ က ကူညီတာကို လူမှန် တဲ့ လူတိုင်း လက်ခံ သဘောကျတယ်။ နောက်ဆုံး Bangalis ကို ပေးတာ ဆိုရင်တောင် ကိုယ့်အိပ်ထဲ က ပိုက်ဆံ ကုန်စရာ မလို တော့ဘူး။ ဘယ်သူ့  ဆီ ရောက် မလဲ ဆိုတာ ကိုယ် အရည်အချင်း ပေါ်မူတည်တယ်။ အရည်အချင်း မရှိရင်တော့ မဟုတ်တဲ့ နေရာ ရောက် မှာပေါ့။ ကိုယ့် အရည်အချင်း ပြည့်ဝအောင် အရင်ကြိုးစားပါ။

Jun 05, 2015 08:19 PM

U Thant Zin

နေရပ်- Yangon

To whom did UK help either Bangalis or Rakhines ?

Jun 04, 2015 09:16 AM

ဆိုက်တခုလုံးသို့