ရွေးကောက်ပွဲဟာ သမိုင်းမှတ်တိုင်ဖြစ်မယ်လို့ ဗြိတိသျှဝန်ကြီးပြောကြား

2015-07-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယရုံးဝန်ကြီး Mr. Hugo Swire ပုံ
ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယရုံးဝန်ကြီး Mr. Hugo Swire ပုံ
photo: wikipedia

ဗြိတိသျှအစိုးရ ဓနသဟာယနဲ့ နိုင်ငံခြားရေးရာဝန်ကြီး Mr. Hugo Swire က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်လိမ့်မယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ Hugo Swire ဝန်ကြီး ဟူးဂိုး ဆွိုင်းယား ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တနင်္လာနေ့ညနေက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး လာမယ့် နိုဝင်္ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း၊ ဒါ့အပြင် နေပြည်တော်ကို ဗုဒ္ဓဟူးနေ့ မနေ့က သွားရောက်ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးဝင်းရှိန်တို့ကိုတွေ့ဆုံကာ ရွေးကောက်ပွဲနဲ့ ပြည် တွင်းငြိမ်းချမ်းရေး ပြသနာတွေကို ဆွေးနွေးခဲ့ကြောင်းစသဖြင့် ဗြိတိသျှအစိုးရရဲ့ ဇူလိုင် ၂၈ ရက်နေ့ ရက်စွဲ နဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီး Hugo Swire ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနလာင်္နေ့တွေမှာတော့ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို ကြည့်ရှကာ ဒေသခံလူထုခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  အဲဒီလို တွေ့ဆုံကြရာမှာ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာ ဝန်ကြီး Hugo Swire က လာမယ့် နိုဝင်္ဘာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတခိုင်မာမှု ရှိပြီး လူ့အခွင့်အရေးတွေနဲ့ ကိုက်ညီဖို့လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နဲ့ လေ့လာစောင့်ကြည့်မယ့်သူတွေကို သင်တန်းပို့ချရေးအတွက် ဗြိတိန်အစိုးရက အကူအညီတွေပံပိုးနေကြောင်း၊ ဒါ့အပြင် ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နှစ်ဘက်စလုံးက ခေါင်ဆောင်တွေနဲ့တွေ့ဆုံကာ သူတို့ရဲ့ အခက်အခဲတွေကို မိမိကိုယ်တိုင်သိရှိခွင့်ရခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ဟာ အများကြီးတိုးတက်နေပြီဖြစ်ပေမယ့် ဖြေရှင်းရမယ့်ပြဿနာတွေ အမြောက်အများရှိနေသေးကြောင်း၊ ဗြိတိသျှအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ၂ဝ၁၂ ခုနှစ်ကနေ ဒီကနေ့အထိ ပေါင်စတာလင်ငွေ ၁၈ သန်းကျော် လှူဒါန်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရခေါင်းဆောင်တွေနဲ့ မိမိတွေ့ဆုံရာမှာ နိုင်ငံသားဖြစ်သင့်သူတွေ ဖြစ်ခွင့်ရရေးနဲ့ ဒေသခံတွေ အရေးတကြီးလိုအပ်နေတဲ့ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် လူ့အခွင့်အရေးပြသနာတွေကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ကြောင်းစသဖြင့် ဖေါ်ပြ ထားပါတယ်။

ကွန်မင့်များ (4)
Share

ခိုင်​စိုး​အောင်

အပုပ်​ချမှု​တွေ အာဂတ​တွေမုန်းတီးမှု​တွေ​ပြေ​ပြောက်​ဖို့ မည်​သည့်​အင်​အားကြီးပါတီကိုမှ အပြတ်​အသတ်​အနိုင်​မရ​စေခြင်​ပါ။ ကြံဖွတ်​၁/၄၊NLD ၁/၄၊တိုင်းရင်းသား၁/၄အနိုင်​ရ​စေခြင်​ပီး ပူးတွဲအစိုးရဖွဲ့ ​စေခြင်​ပါသည်​။ အားလုံးညီညွတ်​ဖို့အချိန်​သင့်​ပါပီ။

Jul 29, 2015 09:29 PM

အမှန်မြင်

နေရပ်- Myanmar

ကိုယ်ရျုံးမှာ သေချာတော့ ပူးပေါင်း စေချင်လာပြီပေါ့။ နိုင်ငံ ဟာ ပြုပြင်ပြောင်းလဲ ဘို့ ပြည်သူတွေက ဆန္ဒရှိနေတာ ကို တချိန်လုံး ဆန့် ကျင် နေတဲ့ ပါတီ နဲ့  စစ်ဗိုလ်တွေ ကို မဲ အပြတ်မနိုင်ပဲနဲ့  ပြည်သူ့ ဆန္ဒ ကို ဘယ်လို ဆောင်ရွက်နိုင်မှာလဲ။ ဘယ်နိုင်ငံ မှာပဲ ဖြစ်ဖြစ် အင်အားကြီး ပြီး အရည်အချင်းရှိတယ် လို့ ပြည်သူ ကဆုံးဖြတ်တဲ့ အစိုးရ ကသာ တိုင်းပြည် ဖွံ့ ဖြိုးအောင် လုပ်နိုင်တာ။ အပြတ်အသတ်မနိုင်ပဲ ညီမျှနေရင် ငြင်းခုံနေတာနဲ့  ဆုံးဖြတ်ချက် မချနိုင် ဖြစ်ပြီး တိုင်းပြည် ဖွံ့ ဖြိုးမှုနောက်ကျနေမှာပဲ။ ဒီမိုကရေစီနိုင်ငံ ဖြစ်မှ တိုင်းပြည်တိုးတက်မှာ။ ဒီမိုကေ၇စီ လမ်းကြောင်း ဖြောင့်ဖြူးနေတာ ကို ကွေ့ ကောက်အောင် လုပ်နေတဲ့ လူတွေ ကသာပြုပြင်ရမှာ။

Jul 29, 2015 08:14 PM

အမည်​မ​ဖော်​လိုသူ

ဒီပုံအတိုင်းက​သေချာတယ်​ NLD မဲအပြတ်​နဲ့နိုင်​မှာမဟုတ်​ဖူး

Aug 02, 2015 03:40 AM

သက်​​အောင်

အားလုံးညီညွှတ်​သင့်​ပါပီ၊ တိုင်းပြည်​ တိုးတက်​​ရေးနဲ့ အမျိုးသား​ပေါင်းစည်း​ရေးလုပ်​ဖို့  ဘယ်​သူ့ကိုမှမဲအပြတ်​မနိုင်​​စေခြင်​ပါ။ မဲများညီမျှက တိုင်းရင်းသားအပါဝင်​ ပါတီကြီး၂ခုမှ စု​ပေါင်းကာ တိုင်းပြည်​အတွက်​အလုပ်​၂ကြပါ

Jul 29, 2015 03:43 AM

ပေါင်​ချိန်

မဲမျှသွားပီးညွှန်​​ပေါင်းအစိုးရဖွဲ နိုင်​ရင်​ တိုင်းပြည်​အတွက်​​ရော ပါင်​ပတ်​သက်​သူများအားလုံးအတွက်​ အ​ကောင်းဆုံးအ​ခြေ​နေဖြစ်​လာမှာပါ တဦးနဲ့တဦးနားလည်​အ​လျော့​ပေးကြပီးတိုင်း ပြည်​ကိုတည်​​ဆောက်​ကြပါ မဖြစ်​နိုင်​တဲ့စိတ်​ကူးယဉ်​မှု​တွေနဲ့ မသွားကြပါနဲ့ ။

Jul 29, 2015 01:30 AM

ဆိုက်တခုလုံးသို့