ဒီတွေ့ဆုံပွဲမှာ အလုပ်သမားနဲ့ အလုပ်ရှင် သမဂ္ဂဖွဲ့စည်းရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးတွေအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလုပ်ရှင် အလုပ်သမားတွေ ဘာတွေ ပြင်ဆင်ထားသင့်သလဲ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ UMFCCI ရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က အာအက်ဖ်အေကို ပြောပါတယ်။
“အလုပ်ရှင်တို့ အလုပ်သမားတို့ ဆိုတာ တကယ်တော့ Development partners တွေပေါ့နော်။ အားလုံးက အကျိုးတူ စီးပွားဖက်တွေပဲလေ။ အားလုံး နှစ်ဦးနှစ်ဖက် အလုပ်ရှင်ဘက်ကရော၊ အလုပ်သမားများ အဖွဲ့ဘက်ကရော အားလုံးတစ်ယောက်နဲ့ တစ်ယောက် ညီညီ ညွတ်ညွတ်နဲ့ fair work place ပေါ့နော်။ သာယာဝပြောတဲ့ အလုပ်ခွင် ဖြစ်ပေါ်ရေးအတွက်ကို ဒါဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တဲ့ ကိစ္စတွေကို ဘယ်လိုပူးပေါင်းပြီးတော့ ဆောင်ရွက်သွားနိုင်လဲ ဆိုတာလေးတွေကို ဆွေးနွေးတာပါ”
UMFCCI အနေနဲ့ အလုပ်သမားဆိုင်ရာ ကိစ္စရပ်တွေအတွက် ILO နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ဦးဝင်းအောင်က ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အလုပ်ရှင် အလုပ်သမားအကြား ပြဿနာတွေ ပြေလည်နိုင်အောင် UMFCCI အနေနဲ့ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမား ဥပဒေ ပြဋ္ဌာန်းချက် အသစ်အရ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်ရေး အဆင့်လိုက် ဆောင်ရွက်သွားနိုင်ဖို့ ခရီးစဉ်အတွင်းမှာ သက်ဆိုင်ရာ အလုပ်သမားတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသွားပါတယ်။
မအင်ကြင်းနိုင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။