မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ကုလ ခန့်အပ်

2018.04.26
christine-schraner-burgener-622.jpg မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို တွေ့ရစဉ်
AFP Photo

နယူးယောက်ကလာတဲ့ နောက်ဆုံးသတင်းတပုဒ်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်တင်း ရှယာနာ ဘာဂနာ (Christine Schraner Burgener) ကို ခန့်အပ်ပါလိမ့်မယ်။

အခုလို တာဝန်ပေးမယ့်သတင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ တရားဝင်ကြေညာမယ်လို့ ဆိုပါတယ်။ သူမဟာ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။