မတရားအသင်းဥပဒေ အသုံးပြုမှု UNFC ခေါင်းဆောင်ဝေဖန်

0:00 / 0:00

အစိုးရနဲ့တပ်မတော်ဟာ မတရားအသင်းဥပဒေ ပုဒ်မ ၁၇-၁ နဲ့ ၁၇-၂ တို့ကို နိုင်ငံရေးမှာ လိုအပ်ရင် လိုအပ်သလို အသုံးပြုနေတယ်လို့ ဒီကနေ့ UWSA ပန်ဆန်းမှာ ကျင်းပနေတဲ့ ညီလာခံတက်ရောက်နေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင် စီ UNFC တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ပြောပါတယ်။

ပန်ဆန်းညီလာခံကို တက်ရောက်နေတဲ့ MNDAA ကိုးကန့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို သတင်းမီဒီ ယာတွေက အသုံးပြုရင်အရေးယူမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ကြေညာထား ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ MNDAA အဖွဲ့ကို အထီးကျန်အောင်ဆောင်ရွက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပြောပါတယ်။

"၁၇-၁ ကို စစ်ရေးနိုင်ငံရေး လက်နက်သဖွယ်သုံးနေ တာပေါ့၊ သူတို့ ၁၇-၁ ကို ကျော်လွှားချင်တဲ့အချိန် ကျော် လွှားနေကြတယ်၊ ချန်ထားချင်တဲ့အချိန်ချန်ထားကြ တယ်၊ လိုအပ်ရင်လိုအပ်သလို ထုတ်သုံးတာရှိတယ်၊ ဒါကြောင့် ကျနော်တို့ မေတ္တာရပ်ခံချင်တာကတော့ ဒီတပ်မတော်ဘက်က ၁၇-၁ ကို ကျင့်သုံးတဲ့အခါမှာ ညီညီညွှတ်ညွှတ်ကျင့်သုံးသင့်တယ်လို့ အကြံပြုချင် ပါတယ်"

MNDAA အဖွဲ့ကို တခြားတိုင်းရင်းသားအဖွဲ့တွေကနေ သီးခြားခွဲထုတ်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာတက်အောင် လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရတပ်တွေနဲ့ MNDAA, TNLA နဲ့ AA အဖွဲ့တွေနဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ ပန်ဆန်းအစည်းအဝေးကို တက်ရောက်နေတဲ့ တိုင်းရင်းသားအဖွဲ့ ၁၂ဖွဲ့လုံးက လိုလားကြောင်း၊ တပ်မတော်က သာလွန်တဲ့အင်အားကို အလွန်အကျွံအသုံးပြုပြီး တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း RFA ကိုပြောပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။