မြန်မာအတွက်ပေးတဲ့ ပညာတော်သင်ဆုအစီအစဥ် အမေရိကန်ရပ်ဆိုင်း

အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ ပညာတော်သင်ဆု အစီအစဥ်ကို ရပ်ဆိုင်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ လက်လှမ်းမီခွင့် (DISP) အစီအစဥ်အဖြစ် မြန်မာနိုင်ငံကို ဒေါ်လာ ၄၅ သန်း ထောက်ပံ့ထားတာကို များလွန်းတယ်လို့လည်း ထရမ့်က ပြောပါတယ်။

ဒီအစီအစဥ်အောက်မှာ ပညာတော်သင်ဆု ရရှိထားတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူ လေးရာကျော် ရှိနေပါတယ်။

DISP ပညာသင်ဆု အစီအစဥ်အောက်မှာ ဆုရရှိထားသူတွေဟာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ ပညာသင်ကြားဖို့အတွက် အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနေတာပါ။

DISP ပညာသင်ဆုအစီအစဥ်ကို အမေရိကန်အစိုးရက ၂၀၂၃-၂၀၂၄ ခုနှစ်ကမှ စတင်ထားတာ ဖြစ်ပါတယ်။