မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်သက်တမ်းတိုး

RFA Burmese
2023.02.06
Share on WhatsApp
Share on WhatsApp
မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်သက်တမ်းတိုး ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားပြည်နယ်တွင် ကျင်းပသည့် Democratic National Committee (DNC) အခမ်းအနားကို တက်ရောက်လာသော သမ္မတ ဂျိုးဘိုင်ဒင်။
AFP

မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုးထားတဲ့ ဒီအမိန့်ကို ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်လိုက်တာပါ။ ဒီအရေးပေါ် အခြေအနေဟာ ဒီလ ၁၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဒီမတိုင်ခင် ဖေဖော်ဝါရီ ၆ ရက်မှာ သက်တမ်းတိုးလိုက်တာပါ။

၂၀၂၁ မှာ စစ်အာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၊ အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအတွက် ခုခံကာကွယ်သူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တရားမဲ့ဖမ်းဆီးတယ်လို့ အမေရိကန်သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၂၀ နိုဝင်ဘာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပယ်ချပြီး နိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိပါးစေတယ်လို့ ဖော်ပြပါတယ်။

ဒါဟာ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ သာမန်ထက်ထူးကဲ ခြိမ်းခြောက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။