ဖွဲ့စည်းပုံဟောပြောပွဲ မန္တလေး ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းသိကောင်းစရာ ခေါင်းစဉ်နဲ့ မန္တလေးမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ ဒီကနေ့မနက်ပိုင်းက ဟောပြောကျင်းပခဲ့ပါတယ်။

အဲဒီဟောပြောပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကိုကျော်မျိုးရွှေ (ခ) စစ်သွေးသစ္စာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်းဦးတို့က ဟောပြာကြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ (စ) ထောက်ခံပွဲနဲ့ ပုဒ်မ (၂၆၁) ပြင်ဆင်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ မနော်ရမ္မံကွင်းမှာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် ခွင့်ပြုချက်မရှိခဲ့တာကြောင့် နေရာပြောင်းလိုက်သလို ခေါင်းစဉ်လည်းပြောင်းလဲပြီး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဟောပြောပွဲကို မန္တလေးခရိုင်ထဲက ပါတီဝင်အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။