အမေရိကန်နိုင်ငံခြားရေးဌာန ကိုယ်စား လှယ်နဲ့ မန္တလေးသံဃာတွေ ဆွေးနွေး
2012.12.05
နှစ်ဖက်ဆွေးနွေးမှုမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍအကြောင်းတွေကို သံဃာတွေထံက မေးမြန်းခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို ဂဠုန်နီဆရာတော် ဦးကာဝိယ၊ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယဝံသာဘိဝံသ၊ အမရပူရမြို့၊ မဟာဂန္ဒာရုံကျောင်းတိုက်က ဘဝအလင်းဆရာတော်တွေဖြစ်တဲ့ ဦးဥတ္တမသာရ၊ ဦးသောဘိသတို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် လက်ပန်တောင်းတောင်ဒေသ ဝက်မှေးကျေးရွာက မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့လည်း တက်ရောက်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေအတွက် ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၅ ရက်နေ့က သင်္ဃန်းအစုံ ၂ဝဝ ကျော်နဲ့ အလှုငွေ ၂၅ သိန်းကို မန္တလေးမြို့မှာရှိတဲ့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူကို လာရောက်လှူဒါန်းခဲ့ကြပါတယ်။
ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ အလှူငွေနဲ့ လှူဖွယ်ပစ္စည်းတွေပေးအပ်ပြီး မန္တလေးပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဒဏ်ရာရသံဃာတော်တွေနဲ့ ဒေသခံတွေကို သွားရောက်အားပေး တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |