အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ မျိုး ပြန်တင်ပြဖို့ သူရဦးရွှေမန်း ဆုံးဖြတ်

2014-09-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပုံ
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပုံ
photo: Internet

မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ ခုကို ရွေးချယ်ပြီး လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံး ထားပြီး လွှတ်တော်ထံတင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့ထားတဲ့ ရွေးကောက် ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာ မှာ ရွေးကောက်ပွဲစနစ် ၃ မျိုးသာ ရွေးချယ်ထားတဲ့ အတွက် အနည်းဆုံး ၇ မျိုး ရွေးချယ်တင်ပြဖို့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အစီရင်ခံစာကို လေ့လာရာမှာ ပြည်သူ့ကိုယ်စားလှယ် များက ပြည်သူ့ကိုယ်စား ရွေးချယ်နိုင်ရန်အတွက် စနစ် ၃ မျိုးကိုသာ တင်ပြထားသည်ကို တွေ့ရှိရပါတယ်၊ ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်ရန် ယခုထက်ပိုသော အခွင့်အရေးပေးသင့်ပါတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက် ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်အနေဖြင့် ပြည်သူများနဲ့ ပြည်သူ့ကိုယ်စားလှယ်များ အတွက် ရွေးချယ်ရန်အတွက် နည်းလမ်းအနည်းဆုံး ၇ ခုကို ရွေးချယ်တင်ပြရန်နှင့် ၂၁ ရက် ၁ဝ လ ၂ဝ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် စီစဉ်ထားပြီးဖြစ်ကြောင်း လွှတ်တော်အား အသိပေးတင်ပြပါသည်"

ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဟာ ရွေးကောက်ပွဲစနစ်တွေနဲ့ ပတ်သက်ပြီး လေ့လာပြုစုထားတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်စုစုပေါင်း ၃၁ ဦး ပါဝင်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထား တာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

ဒါ “မင်းပရိယာယ်” ပါ။
PR စနစ်ကို မရောက် ရောက်အောင် လမ်းတွေ အများကြီးဖောက်ခိုင်းနေတာပါ။ အချိန်ဆွဲတဲ့ “စစ်ဗျူ ဟာ” ၊ အာရုံပြောင်းတဲ့ “နည်းဗျူ ဟာ”လည်း ဖြစ်ပါတယ်။ (စည်းစနစ်ကျကျ ရေးဆွဲအကောင်အထည်ဖေါ်နေတဲ့ “စစ်ဗျူ ဟာ”တခုကို ဘယ်သူ အံတုနိုင်မလဲ။)

Oct 01, 2014 02:36 PM

PR စနစ်

နေရပ်- အကြံ အဖန်

ဗိုလ်ရွှေမန်းအသံ – လွှတ်တော်အသံ
ဗိုလ်ရွှေမန်းဆန္ဒ – လွှတ်တော်ဆန္ဒ
ဗိုလ်ရွှေမန်း ညွန်ကြားချက် – လွှတ်တော်က ဖော်ဆောင်ရွက်
ကြံ့ဖွံ့ပါတီတွေအသံ – လွှတ်တော်အသံ
့ ကြံ့ဖွံ့ပါတီတွေဆန္ဒ – လွှတ်တော်ဆန္ဒ
့ ကြံ့ဖွံ့ပါတီတွေရဲ့ PR စနစ် ညွန်ကြားချက် – လွှတ်တော်က ဖော်ဆောင်ရွက်
PR စနစ် အကြံ အဖန် ပြည်သူ လက်မခံ

Sep 30, 2014 09:40 PM

မျက်နှာပြောင်တိုက်

နေရပ်- အ၇ှက်မ၇ှိ

မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ်စနစ် ကြောင့်ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးတိုင်းပြည်တခု
ဖြစ် နေပါတယ်
မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့PR စနစ် ဆိုလာ နေ ပြန်ပါတယ်။
ပါးစပ်က တိုင်းပြည် အတွက် ပြည်သူများ အတွက် ပါ လို့ဆိုပြီး
နောက်ဆုံးတော့ ပြည်သူ့ အကျိုးကို မျက်ကွယ်ပြုပီး အ၇ှက်မ၇ှိ၊ မျက်နှာပြောင်တိုက် ကိုယ်နဲ့ ကိုယ့် ပါတီ အကျိုးဘဲ ကြည့်တဲ့ သူတွေပါဘဲ။ နိင်ငံ၇ဲ.အနာဂါတ်ဟာမတွေး၇ဲစ၇ာပါ။
အနှစ် ၆ဝ ကျော် တိုင်းပြည် ကို စုပေါင်း ဖျက်ဆီးခဲ့ တာ အားရသေးပုံ မပေါ်ဘူး။

Sep 30, 2014 09:32 PM

ဆိုက်တခုလုံးသို့