အခြားပါတီများကိုရန်ဖက်လို သဘောမထားဖို့ ဦးရွှေမန်းပြော

2013-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ကို တွေ့ရစဉ်
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ကို တွေ့ရစဉ်
photo: RFA/ Myo Thant Khaing

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားပါတီတွေကို ရန်ဖက်လို့ သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားကြဖို့ ၊ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ဘက်လို့ သဘောထားပြီး အနိုင်ရအောင် ကြိုးစားကြဖို့ ပါတီဝင်တွေကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ သာယာဝတီ၊ ကျွန်းလှနဲ့ ပင်းတယမြို့နယ်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၆၀၀ နီးပါးလောက် ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာစဉ်  သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က တိုင်းပြည်အတွက် အဓိကလိုအပ်နေတဲ့ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြဌာန်းဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပါတီဝင်တွေကို ပြောကြားသွားပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စ ုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဝင်တွေ အရင်က မကြာခဏ လာရောက်လေ့လာကြပေမယ့် ဒီနေ့ သူရဦးရွှေမန်းက ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံတာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

လွှတ်တော်ထဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စလှယ်တွေ အိပ်ပျော်နေရတယ်ဆိုတာ၊ လွှတ်တော်ဟာ အတိုက်အခံမရှိ ဖြစ်နေတဲ့လွှတ်တော်၊ ဒါမှမဟုတ် အတိုက်အခံဆွေးနွေးလည်း ဘာမှ ထူးခြားလာမှာ မဟုတ်လို့ အိပ်နေတာ သာဖြစ်လိမ့်မယ်။
လွှတ်တော် ကိုယ်စလှယ် အများစု က လုံး၀ စိတ်ဝင်စားမှု မရှိဘူး ဆိုတာ ပြသနေတယ်။
http://4.bp.blogspot.com/-lGQ8rLL_ezo/UnTzu73geoI/AAAAAAAAVu4/7jNg-4SG_P0/s1600/1385013_293028930829293_619311453_n.jpg

Nov 03, 2013 04:07 AM

ဆိုက်တခုလုံးသို့