သမ္မတ ဦးသိန်းစိန် ဒါဗို့စ်ညီလာခံ တက်မည်


2014.01.15
utheinsein_europe_trip_305.jpg သြစတြီးယားနိုင်ငံကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်
photo: President Office Website

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို သမ္မတဦးသိန်းစိန် တင်ရောက်မယ်လို့ သိရပါတယ်။

ဒီနှစ်ညီလာခံမှာ ကမ္ဘာ့စီးပွားရေး မူလမ်းကြောင်းပေါ် ပြန်ရောက်ရေးနဲ့ ဆီးရီးယားပြဿ နာစတာတွေက ရှေ့တန်းရောက် ဆွေးနွေးစရာ ကိစ္စတွေ ဖြစ်လာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီနှစ် ဒါဗို့စ် ညီလာခံကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အီရန်သမ္မတ၊ အစ္စရေးဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်၊ သြစတေးလျ ဝန်ကြီးချုပ်၊ ဘရာဇီးသမ္မတ စတဲ့ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒါဗို့စ် ကမ္ဘာ့စီးပွားရေးညီလာခံကို ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။