အဲ့ဒီ ပထမအကြိမ် ဆွေးနွေးမှုကနေ အမျိုးသား ရင်ကြားစေ့ရေးအတွက် နှစ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေ အဆင့်ကို ရောက်ရှိလာဖို့ မျှော်လင့် ပါတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရှေ့ဆက် တိုးတက်မှုတွေ ဘယ်လောက် ရရှိမလဲ ဆိုတာဟာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ဘယ်လောက် ပါဝင်လက်တွဲ လုပ်ဆောင် နိုင်ကြမလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည် နေပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေးရဘို့ အတွက် သက်ဆိုင်သူ အားလုံးက ရရှိတဲ့ အခွင့်အရေးကို လက်လွတ် မခံဘဲ အမိအရ ဆုပ်ကိုင်ကြိုးစားဘို့ လိုပါတယ်လို့ လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင ်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံသား အားလုံး ပါဝင်နိုင်ရေး အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကို ဦးစားပေး ဆောင်ရွက်သင့် တယ်လို့လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မနေ့က ထပ်မံ တိုက်တွန်း ပြောဆို လိုက်ပါတယ်။