ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံ

2018-10-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စ်တင်း ဘာဂနာ တို့ ၂၀၁၈၊ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ဆုံစဉ်
ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စ်တင်း ဘာဂနာ တို့ ၂၀၁၈၊ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ဆုံစဉ်
Photo: MOI Webportal Myanmar

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စ်တင်း ဘာဂနာ နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ ဆောင်ရွက်နေမှုတွေ၊ IDP စခန်းတွေ ပိတ်သိမ်းရေးဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နိုင်ငံတကာရဲ့ အကူအညီ အထောက်အပံ့တွေ ပေးအပ်နိုင်ရေး၊ လူ့အသိုင်းအ၀ိုင်း နှစ်ခုကြား သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ဆောင်ရွက်နေမှုတွေ စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ရေးသားထားပါတယ်။

ခရစ်စ်တင်း ဘာဂနာ မနက်ဖြန် ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဖို့ရှိ တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁၀ ရက်နေ့က ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်ဟာ တစ်ပတ်ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့