အမျိုးသမီးအခွင့်အရေးများ ပိုမိုပညာပေးဖို့ လိုအပ်နေ

2013-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ အင်းလျားလိပ်ဟိုတယ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသမီးများ ဖိုရမ်ကို တွေ့ရစဉ်
ရန်ကုန်မြို့၊ အင်းလျားလိပ်ဟိုတယ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသမီးများ ဖိုရမ်ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

သတင်းမီဒီယာတွေမှာ အမျိုးသမီးအခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖော်ပြဖို့ လိုအပ်နေသေးသလို တိုင်းရင်းသူတွေနဲ့ နယ်ပယ်အသီးသီးက အမျိုးသမီးခေါင်းဆောင်တွေရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေကိုလည်း ဖေါ်ပြပေးဖို့ လိုအပ်နေကြောင်း  ဒီနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပတဲ့ အမျိုးသမီးရေးရာဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောသွားကြပါတယ်။

ရန်ကုန်မြို့ အင်းယားလိပ် ဟိုတယ်မှာကျင်းပတဲ့ ဒီနေ့ဆွေးနွေးပွဲမှာ အနုပညာနဲ့ သတင်းမီဒီယာ လုပ်ငန်းခွင်ထဲက အမျိုးသမီး ကိုယ်စားလှယ်တွေက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။  အနုပညာရှင် ဒေါ်ဆွေဇင်ထိုက်က သတင်းမီဒီယာတွေမှာ  အမျိုးသမီးတွေ ရဲ့ပုံရိပ်တွေကို ဖော်ပြနေတဲ့ ပုံစံတွေ ပြောင်းလဲသင့်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“မီဒီယာထဲမှာ အမျိုးသမီးများရဲ့ ပုံရိပ်များကို ဖော်ပြတဲ့နေရာမှာ အခုခေတ်မှမဟုတ်ဘူး ဟိုးရှေးအစဉ်အဆက်ကတည်းက ကြည့်ရတာကောင်းမယ့်ပုံမျိုး entertain ဖြစ်မည့် အဲဒီဘက်ကိုဆွဲပြီးတော့ ဖော်ပြခံခဲ့ရတာပါ၊ ဒီလိုမျိုးဖြစ်လာတာလည်း နှစ်ပေါင်းမြောက်များစွာကြာခဲ့ပါပြီ၊ အထူးသဖြင့် မြန်မာပြည်မှ မဟုတ်ပါဘူး၊ အရှေ့တိုင်းရုပ်ရှင်တွေထဲမှာဆိုရင် အမျိုးသမီးပုံရိပ်ဟာ တစ်ယောက်ယောက်ကို အားကိုးနေရမယ်၊ မိသားစုအတွက်ဆိုရင် စွန့်လွှတ်ရမယ်၊ သူဘယ်လောက်စွန့်လွှတ်လဲ၊ သူဘယ်လောက် အနစ်နာခံသလဲဆိုတာဟာ သူ့ရဲ့တန်ဖိုး၊ ဒီလိုတန်ဖိုးထားမှုတွေနဲ့ ဖော်ပြလာခဲ့တဲ့ မီဒီယာထဲက အမျိုးသမီးများရဲ့ ပုံရိပ်ဟာလည်း ပြောင်းပစ်မှပါ”

အမျိုးသမီးနဲ့ လူမှုမီဒီယာကဏ္ဍ ခေါင်းစဉ်အောက်မှာ ရုပ်ရှင်အနုပညာရှင် ဒေါ်ဆွေဇင်ထိုက်၊ တေးသံရှင် ဒေါ် သံသာဝင်း၊ မြစ်မခ မီဒီယာအုပ်စု အမှုဆောင်အရာရှိချုပ် ဒေါ်မေသြင်္ကန်ဟိန်၊ Women Can Do It မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ပျိုးလက်ဟန်၊ ပေါင်းကူးလူမှုအဖွဲ့က ဒေါက်တာကျော်သူတို့  ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် တောင်ယာလုပ်ငန်းနဲ့ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ ၊ လူကုန်ကူးခံရတဲ့အမျိုးသမီးတွေ အရေးကိစ္စကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အလေးထားဆောင် ရွက်ဖို့လိုအပ်တယ်လို့ သုံးသပ်ဆွေးနွေးကြပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့