လှိုင်သာယာ ပီနံအိတ်စက်ရုံ လုပ်သားများ ဆက်လက်ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ ဟုန်စိန် ပီနံအိတ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်လောက်ဟာ ရှားပါးစရိတ် ၂ သောင်းပေးဖို့ စက်ရုံရှေ့မှာ ဒီနေ့ ၄ရက်မြောက်နေ့အဖြစ် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

အလုပ်ရှင်က တစ်လကို ကျပ် ၁ သောင်းပဲ တိုးပေး တာကြောင့် အလုပ်သမားတွေက လက်မခံနိုင်တဲ့အ တွက် ဆန္ဒပြကြတာဖြစ်ကြောင်း ဆန္ဒပြအလုပ်သမ တစ်ဦးဖြစ်သူ မသီတာချိုက ပြောပါတယ်။

"သူများစက်ရုံတွေက လစာတိုးတယ်၊ ကျမတို့စက်ရုံက ခုလစာမတိုးဘူး၊ ကျမတို့ ဆန္ဒပြတောင်းဆိုတာ ကိုလည်း သူတို့ဘက်က မလိုက်လျောဘူး၊ သူတို့လစာ ၁ သောင်းတိုးပေးတယ်၊ ကျမတို့တောင်းတာ ၄ သောင်းတောင်းတာ၊ ၂ သောင်းလောက်ပေးရင် ကို ကျေနပ်တယ်၊ သူတို့က အဲလိုမတိုးပေးဘူး"

ဆန္ဒပြ အလုပ်သမားတွေဟာ ရှားပါးစရိတ် ကျပ် ၂ သောင်း ၊ ထမင်းစရိတ် ကျပ် ၁ သောင်းနဲ့ လမ်းစရိတ် ကျပ် ၁ သောင်းပေးဖို့ တောင်းဆိုနေကြတာလို့သိရပါတယ်။ တစ်ရက်ကို ပီနံအိတ်အလုံးရေ ၈ ထောင်အထိ ချုပ်ဖို့ စက်ရုံက စည်းကမ်းသတ်မှတ်ထားပေမယ့် သတ်မှတ်အလုံးရေထက်ပိုပြီး လုပ်ခိုင်းနေတဲ့အပေါ် ဖြေရှင်းပေးဖို့ ကိုလည်း တောင်းဆိုနေကြတာပါ။

အဲ့ဒီ ဟုန်စိန်ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၂၀၀ နီးပါးရှိပြီး အလုပ်သမား ၁၃၀ လောက်က ဆန္ဒပြနေကြတာဖြစ်ပါတယ်။