နယူးဇီလန်နိုင်ငံမှာ မေလ ၃ဝ ရက်နေ့ ကျင်းပမယ့် အသက် ၂ဝ အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့ မှာ မြန်မာလူငယ်အသင်းနဲ့ အမေရိကန် လူငယ်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
နယူးဇီလန် စံတော်ချိန် ညနေ ၄ နာရီမှာ အဲ့ဒီပွဲကို စတင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်မယ့် အမေရိကန်လူငယ် အသင်းဟာ လာမယ့်စနေနေ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ကနေ ခရီးစတင်ထွက်ခွာ ဖို့ ပြင်ဆင်နေပါတယ်။
မြန်မာအသင်းဟာ ဇွန်လ ၂ ရက်နေ့မှာ ယူကရိန်းအသင်းနဲ့ ကစားပြီး ဇွန်လ ၅ ရက်နေ့မှာ အိမ်ရှင် နယူးဇီလန်အသင်းကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
