လယ်သမားအရေး ကူညီနေသူတွေကို ရုံးတင်စစ်ဆေး

ရန်ကုန်မြို့၊ လသာမြို့နယ်က အနော်ရထာလမ်းနဲ့ စဉ့်အိုးတန်းလမ်ထောင့်မှာရှိတဲ့ ဝါဝါဝင်းကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတဲ့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချို၊ ကိုဝေဠု အပါအဝင် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကလေးနဲ့ ကျွန်းကြီးကျေးရွာက ကိုကြည်ရွှင်၊ ကိုပေါက်နဲ့ ဒေါ်ခင်မြင့်ဝေတို့ ငါးဦးကို လသာတရားရုံးက ပုဒ်မ(၃၃၈)နဲ့ ဒီကနေ့ နေ့လယ်က ရုံးတင်စစ်ဆေးခဲ့ပါတယ်။

2012.11.06
protect_www_305 အနော်ရထာစက်မှုဇုန် စီမံကိန်း၊ ဇုန် (၁) အတွက် သိမ်းဆည်းခံထားရတဲ့ လယ်သမားများ ဝါဝါဝင်းကုမ္ပဏီရှေ့တွင် ဆန္ဒပြနေစဉ်။
Photo: RFA/Sai Htun Aung Lwin

ပြည်သူတွေ ဆန္ဒပြတိုင်း အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်ကနည်းမျိုးစုံနဲ့ တရားစွဲဆိုနေမယ် ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အယုံအကြည် မရှိဆိုတဲ့ အဆိုအထိ  တင်သွင်းသွားမယ်လို့ တရားစွဲဆိုခံထားရတဲ့ ကိုဝေဠုက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၂) ရက်နေ့က စတင် ဆန္ဒပြတောင်းဆိုနေတဲ့ အတွင်းပဒံ၊ အပြင်ပဒံ ကျေးရွာက လယ်သမား ဦးရေ (၃၀) နီးပါးဟာ လက်ရှိအချိန်ထိ ဝါဝါဝင်းကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုနေဆဲပဲလို့ သိရပါတယ်။

တရားစွဲဆိုခြင်း ခံထားရတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဝင်းချိုကို RFA သတင်းထောက် မသူဇာ ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။