ဖမ်းဆီးခံကျောင်းသားတွေကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး

မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းလုံခြုံရေး တိုးမြှင့်ချထားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၇ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တက္ကသိုလ်ရှေ့မှာ မန္တလေးတိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ကျောင်း ပါမောက္ခချုပ်တို့ရဲ့ ဓာတ်ပုံကို မီးရှို့ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ ရုံးထုတ်မှာ ကျောင်းသား ကျောင်းသူ ၅၀ ခန့်က လာရောက်ဝန်းရံခဲ့ပြီး ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကျောင်းသားတွေကို မီးရှို့မှု၊ ငြိမ်းစုစီဥပဒေ၊ အားပေးအားမြောက်မှုနဲ့ အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။